ကျိုက်ထိုမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ညောင်ပင်ပြိုလဲပြီး ဆိုင်ခန်းတစ်ချို့ သွပ်မိုးလန်မှုများ ဖြစ်ပွား

ကျိုက်ထို ဩဂုတ် ၃

ကျိုက်ထိုမြို့၊ တောင်သူစုရပ်ကွက်၊ သူရလမ်းတွင်တွင် ယမန်နေ့ မွန်းလွဲ ၃ နာရီ ၂၅ မိနစ်ခန့်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့်  အမြင့် (၁၂၀)ပေ၊ လုံးပတ်(၁၅) ပေခန့်ရှိ ညောင်ပင်မှာအမြစ်မှ ကျွတ်ထွက်ကာ လမ်းမပေါ်သို့ ပြိုလဲကျခဲ့သည်။

ညောင်ပင် ပြိုလဲကျမှုကြောင့် ယင်းလမ်းဘေးရှိ ဦးခင်မြင့်(ဘ)ဦးဖိုးထူး၊ ဈေးရောင်း၏ ပေ(၂၀)ပတ်လည်ရှိ သွပ်မိုး၊ သွပ်ကာ၊ အင်္ဂတေခင်း ထမင်းဆိုင်(လူမနေ) နှင့် ဦးမြင့်စိုး(ဘ)ဦးဉာဏ် ဈေးရောင်း၏ အလျားပေ (၂၀)၊ အနံပေ(၃၀)ရှိ သွပ်မိုး၊ သွပ်ကာ အင်္ဂတေခင်း၊ ကုန်ခြောက်ဆိုင် (လူမနေ) ပေါ်သို့ ပိကျခဲ့သဖြင့် ဈေးဆိုင်များ၏ အမိုးနှင့်အကာများ ပျက်စီးဆုံးရှုံးခဲ့ပြီး လူနှင့်တိရစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။

အလားတူ ကျိုက်ထိုမြို့၊ ကံ့ကော်ရပ်ကွက်၊ မြို့နယ်အားကစား ကွင်း(ဟောင်း) ၏ အနောက်ဘက်ရှိ (၉)ပေ ပတ်လည် ဈေး ဆိုင်ခန်း (၂၅)ခန်းရှိသည့်အနက် အခန်း (၁၂)ခန်း၏ သွပ်မိုးများ လန်ထွက် ပျက် စီး ဆုံးရှုံးခဲ့ပြီး လူနှင့်တိရစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရှိရပါသည်။

အဆိုပါ  ညောင်ပင် ပြိုလဲကျမှုနှင့် ဆိုင်ခန်းများ အမိုးများ လန်ထွက်ပျက် စီးသည့် နေရာများသို့ မြို့နယ်စီမံ အုပ် ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးမင်းစိုး၊ မြို့ နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်  ဗိုလ်မှူး  ပြည်ထွန်း၊  ကျိုက်ထိုမြို့မစခန်းမှူး ဒုရဲမှူး အောင်ကျော်စိုးနှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ် ဦးစီးမှူး ဦးတင်ထွေး နှင့်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရပ်ကွက်နေပြည်သူ တို့မှ ခုတ်ထွင်/ရှင်းလင်း ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

ကျိုက်ထို(ပြန်/ဆက်)