ဒိုက်ဦး ဩဂုတ် ၃
ပဲခူးတိုင်း၊ ဒိုက်ဦးမြို့တွင် ဩဂုတ်လ ၂ ရက်နေ့ညနေပိုင်းက တိုက်ခတ်သော လေဆင်နှာမောင်းကြောင့် ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်၊ ဝါဆိုရပ်ကွက်လမ်းနေ(၆)လမ်းနေ ဦးအေးမြင့်၏(၃x၄)ပင် ပျဉ်ထောင်၊ ပျဉ်ခင်း၊ သွပ်မိုး (အိမ်ပြို) ၊ ဝါဆိုရပ်ကွက် (၆ )လမ်းနေ ဦးရဲလင်းအောင် (၃x၄)ပင်၊ သွပ်မိုး၊ ထရံကာ(အိမ်ပြို) ဝါဆိုရပ်ကွက်(၇)လမ်းနေ ဦးကျော်ကျော်၏ (၃x၄)ပင် ပျဉ်ထောင်ပျဉ်ခင်း၊ သွပ်မိုးအိမ်(အမိုးတစ်ခြမ်းလန်) ဝါဆိုရပ်ကွက်၊ (၃)လမ်း နေဒေါ်မြင့်ကြည်၏ ပျဉ်ထောင်ပျဉ်ခင်း၊ သွပ်မိုး(အမိုးလန်)၊ ဝါဆိုရပ်ကွက်(၂)လမ်းနေ ဒေါ်နွဲ့ရီ၏(၃×၅)ပင် (တိုက်ခံသွပ်မိုး) အိမ်(အမိုးလန်)မှုဖြစ်ပွားခဲ့သည်။
လေဘေးတိုက်ခက်မှုကြောင့် နေအိမ်(၃)လုံးအမိုးလန်၍ (၂)လုံးပြိုကျပျက်စီးပြီး စုစုပေါင်း ပျက်စီးမှုတန်ဖိုး (၁,၁၀၀,၀ဝဝိ/-)ခန့်ဖြစ်ပြီး လူနှင့်တိရစ္ဆာန်များ ပျက်စီးဆုံးရှုံးမှု မရှိကြောင်းသိရသည်။
ကျော်ကျော်(ဒိုက်ဦး)