ဟားခါးမြို့တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာသစ် (၂၆) ဦး ထပ်မံတွေ့ရှိ၊ (၁)ဦး သေဆုံး၊ (၅)ဦး ပြန်လည်ကျန်းမာလာ

ဟားခါး  ဩဂုတ်   ၃

ချင်းပြည်နယ်၊ ဟားခါးမြို့တွင် ဩဂုတ်လ ၂ ရက်နေ့၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာသစ် (၂၆) ဦး ထပ်မံတွေ့ရှိပြီး (၁)ဦး သေဆုံးကာ (၅)ဦး ပြန်လည်ကျန်းမာလာသဖြင့် ဆေးရုံဆင်းခွင့်ပြု လိုက်ကြောင်း သိရသည်။

ယနေ့သေဆုံးသွားသူမှာ (၇၁)နှစ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်ကြောင်း၊ ဇွန်လ ၁၀ ရက်နေ့မှ ယနေ့အထိ ‌ဟားခါးမြို့နယ်အတွင်း ရောဂါပိုး‌တွေ့ရှိသူ (၃၉၃)ဦး၊ သေဆုံးသူ (၁၁)ဦး၊ ဆေးရုံဆင်းခွင့်ရသူ (၂၇၀)ဦး နှင့် ဆေးကုသမှုခံယူဆဲ (၁၁၂)ဦး ရှိသွားပြီဖြစ်ကြောင်း သိရသည်။