ပင်းတယမြို့နယ်တွင် အသက် ၆၅ နှစ်အထက် သက်ကြီးရွယ်အိုများအပါအဝင် စုစုပေါင်းလူဦး ရေ ၄၇၁၁ ဦး ကိုဗစ်-၁၉ရောဂါကာကွယ် ဆေးထိုးနှံပြီးဖြစ်သည်

 

ပင်းတယ သြဂုတ် ၃

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်အတွင်းရှိ အသက် ၆၅ နှစ်အထက် သက်ကြီးရွယ်အိုများအပါအဝင် လူဦးရေ စုစုပေါင်း ၄၇၁၁ ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံဆောင်ရွက်ပြီးစီးခဲ့ကြောင်းကို မြို့နယ်ကိုဗစ်၁၉ရောဂါ ကြိုတင်ကာကွယ် ရေးကော်မတီမှ သိရသည်။

ကာကွယ်ဆေး ထိုးနှံဆောင်ရွက်နေခြင်းများအား ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်း၏ အနီးကပ်ကြီးကြပ်လမ်းညွှန်မူဖြင့် ပင်းတယမြို့နယ်ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရေးကော်မတီဥက္ကဌ ၊ မြို့နယ်စီမံအုပ်ချုပ်ရေးကော်မတီ ဥက္ကဌဦး ကျော်မိုးလွင်နှင့် ဌာနဆိုင်ရာဝန်ထမ်းများက မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနနှင့်ပူး ပေါင်း ကာကူညီဆောင်ရွက်ပေးခဲ့ကြသည်။

ပင်းတယမြို့နယ်အတွင်း ပထမအကြိမ်ကာကွယ်ဆေးထိုးနှံမှုတွင် လူဦးရေ ၃၃၇၀ ဦး၊ ဒုတိယအကြိမ် တွင် ၂၂၅ဦး၊ တတိယအကြိမ်တွင် ၁၁၁၆ ဦး ထိုးနှံပေးနိုင်ခဲ့ရာ ယနေ့အထိ လူဦးရေ စုစုပေါင်း ၄၇၁၁ ဦးအား ထိုးနှံပြီးစီးခဲ့​​ကြောင်းသိရသည်။

ယခုတတိယအကြိမ်တွင် ထိုးနှံပေးမည့်Sinopharm အမျိုးအစားဆေးပုလင်း( ၉၆၀ )ကိုပင်းတယမြို့ နယ်မှခွဲတမ်းရရှိပြီးမြို့နယ်အတွင်းရှိ လူဦးရေ ၁၉၂၀ ဦးအားထိုးနှံပေးသွားမည်ဖြစ်ရာယနေ့အထိ အသက် ၆၅ နစ်အထက် သက်ကြီးရွယ်အိုများနှင့် ဦးစားပေးအဆင့်အလိုက်လူဦးရေ၁၁၁၆ ဦး ထိုးနှံပေးခဲ့ပြီးကြောင်းနှင့် ထပ်မံရောက်ရှိလာမည့် ဆေးပုလင်း ၄၅၀ အားလူဦးရေ ၉၀၀ အား သက်မှတ်ရက်များအတိုင်း ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

အေးအေးလတ်