ဒိုက်ဦး ဩဂုတ် ၃
ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဉီးမြို့နယ်တွင် ဩဂုတ်လ ၁ ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းခဲ့ သဖြင့် ညနေ ၅ နာရီ ၃၀ မိနစ်အချိန်က၊ ဒိုက်ဉီးမြို့နယ်၊ အိမ်ခြေလေးဆယ်ကျေးရွာအုပ်စု၊ အောင်ဘာလေကျေးရွာအတွင်းရှိ ကောလိယချောင်းမှာ ချောင်းရေလျှံမှုကြောင့် အောင်ဘာလေ ကျေးရွာ၊ အောက်တဲပိုင်းအနီးရှိ မြေသားတမံမှာ ချောင်းရေတိုက်စားခဲ့၍ (၁၅)ပေခန့် ကျိုးကျ ကာ နေအိမ်(၇)လုံးခန့်မှာ (၄)ပေခန့် ရေနစ်မြုပ်ပြီး ရေကြီးရေလျှံမှုများ၊ ဖြစ်ပေါ်လျက်ရှိသည်။
အဆိုပါ ရေကြီးရေလျှံမှု ဖြစ်ပွားလျက်ရှိသည့်နေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ကျေးရွာအထောက် အကူပြုအဖွဲ့ဝင်များ၊ မြို့နယ်လူမှုကူညီရေးအသင်း အဖွဲ့များမှ သွားရောက်၍ လူနှင့်တိရိစ္ဆာများ အား ဘေးလွတ်ရာသို့ ပြောင်းရွှေ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက် ရှိပါကြောင်း သတင်းရရှိသည်။