အမြို့မြို့အနယ်နယ်သတင်းများ

Aug 05,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် မြောင်းဆုံငယ်ကျေးရွာတွင် ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာန က ထုတ်ပြန်ထားသော ညွှန်ကြားချက်များ ပြည်သူများတိတိ ကျကျ လိုက်နာဆောင်ရွက်စေရန် ကိုဗစ် - ၁၉ ရောဂါ  ကြိုတင်ကာကွယ်ရေး    အသိပညာပေးနှိုးဆော်ခြင်း နှင့်နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၏ဦးဆောင်မှုဖြင့်    ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  ကျေးရွာအုပ်ချုပ် ရေးမှူးနှင့်   အရန်မီးသတ်တပ်ဖွဲ့၀င်များ ပူးပေါင်း၍  ယနေ့   နံနက် (၈) နာရီ ခွဲက မြောင်းဆုံငယ်ကျေးရွာအတွင်းလှည့်လည် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Aug 05,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၌ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများ ပြားလာသဖြင့် ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အသိပညာပေးနှိုးဆော်မှု များအား ကျယ်ကျယ်ပြန့်ပြန့် လိုက်လံဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက မြို့အတွင်းရှိ ရပ်ကွက်များနှင့် လမ်းဆုံလမ်းခွတို့တွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများမှ လိုက်လံနှိုးဆော်ခဲ့ ကြောင်းသိရသည်။
Aug 05,2021
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပ့ားမှု လျော့နည်း စေရေးနှင့် ကြိုတင်ကာကွယ်ရေးလုပ်းငန်းများကို ပြည်သူများထိထိရောက်ရောက်လိုက်နာ ဆောင်ရွက်နိုင်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် အသိပညာပေးနှိုးဆော်ချက်များအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဖွဲ့ဝင်များ ပူးပေါင်း၍ ယမန်နေ့ နံနက်ပိုင်းက ရပ်ကွက်များသို့ အသံချဲ့စက်များဖြင့် လှည့်လည်နှိုးဆော်ပေးလျက်ရှိသည်။
Aug 05,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊မအူပင်မြို့တွင် ကိုဗစ်-၁၉ကာကွယ်ဆေးထိုးနှံ ပေးခြင်းကို သတ္တမနေ့အဖြစ် ယနေ့နံနက် ၉ နာရီက မအူပင်မြို့ အ.ထ.က(၁)ကျောင်း၌ ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Aug 05,2021
ရန်ကုန်တိုင်းဒေသကြီး၊မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်အတွင်းတွင် ကိုဗစ်-၁၉ရောဂါ  ကူးစက်မှုလျော့နည်းစေရေးအတွက် ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ် တုန့်ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမြင့်ဦး၏  ဦးဆောင်မှုဖြင့် ယမန်နေ့ ညနေပိုင်းတွင်ရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များက   လတ်တလော ဖြစ်ပေါ်နေသော ကိုဗစ်-၁၉ ရောဂါဆိုးကြီးကိုမိဘပြည်သူများမှ ပူးပေါင်း  ပါဝင်ဆောင်ရွက်မှသာ ရောဂါကူးစက်မှု  လျော့နည်းနိုင်မည်ဖြစ်၍ မိမိတို့ရပ်ကွက်၊ ကျေးရွာများအလိုက် ပြည်သူများလိုက်နာဆောင်ရွက်သင့်သည့်အချက်များကို  ယမန် နေ့ညပိုင်းက အသံချဲ့စက်ဖြင့်လှည့်လည် သတိပေးနှိုးဆော်ခဲ့ကြောင်းသိရသည်။
Aug 05,2021
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် အသက်(၆၅)နှစ်နှင့် အထက် အသက်အရွယ်ကြီးရင့်သူများ အပါအဝင် ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ ၊ သီလရှင်များ ၊ နိုင်ငံ့ဝန်ထမ်းများနှင့် အခြား ပုဂ္ဂလိက/အလုပ်ရုံ ၊ စက်ရုံများမှ ဝန်ထမ်းများ ၊ အကျဉ်း/အချုပ်သားများကို ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို ဩဂုတ် ၅ ရက် ၊ ယနေ့ နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမတွင် ဆက်လက်ထိုးနှံ ဆောင်ရွက်ပေးနေကြောင်း ပွင့်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးမှ သိရသည်။ 
Aug 05,2021
မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုလျှော့ချနိုင်ရေးနှင့် ကိုဗစ် ကာကွယ်ဆေးထိုးနှံရေးအတွက်  ပြည်သူများအား  အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းများကို မုဒုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊မြို့နယ်မီးသတ်ဦးစီးဌာနနှင့်  ကြက်ခြေနီအဖွဲ့တို့  ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက အသိပညာပေး ခြင်းလုပ်ငန်းများကို  မြို့နယ်အတွင်းရှိ   မြို့ပေါ်ရပ်ကွက်နေရာများတို့၌     ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Aug 05,2021
ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် ပြည်နယ်ဝန်ကြီးများသည် ယနေ့နေ့လည်အချိန်က  လှိုင်းဘွဲမြို့ အောင်ဆန်းခန်းမတွင်  သံဃာတော်များ၊ အသက်(၆၅)နှစ်အထက် သက်ကြီး ဘိုးဘွားများ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်နိုင်ငံ့ဝန်ထမ်းများအား  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို  လာရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။