စဉ့်ကိုင် သြဂုတ် ၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် မြောင်းဆုံငယ်ကျေးရွာတွင် ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာန က ထုတ်ပြန်ထားသော ညွှန်ကြားချက်များ ပြည်သူများတိတိ ကျကျ လိုက်နာဆောင်ရွက်စေရန် ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်း နှင့်နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၏ဦးဆောင်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျေးရွာအုပ်ချုပ် ရေးမှူးနှင့် အရန်မီးသတ်တပ်ဖွဲ့၀င်များ ပူးပေါင်း၍ ယနေ့ နံနက် (၈) နာရီ ခွဲက မြောင်းဆုံငယ်ကျေးရွာအတွင်းလှည့်လည် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကိုဗစ်- ၁၉ရောဂါ အသိပညာပေးနှိုးဆော်ရာတွင်အသက်(၆၅)နှစ် အထက်အဘိုးအဘွား များအား ကိုဗစ်−၁၉ ကာကွယ်ဆေးများကို စဉ့်ကိုင်မြို့ပြည်သူ့ဆေးရုံတွင်နံနက်၉နာရီမှ ညနေ(၄)နာရီအထိ ထိုးနှံပေးလျက်ရှိရာ သွားရောက်ထိုးနှံကြရေး၊ ကိုဗစ်−၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး အတွက် အတတ်နိုင်ဆုံး နေအိမ်အတွင်းသာ နေထိုင်ကြရန်၊ မိမိအိမ်တွင် ပြင်ပမှ လာသော ဧည့်သည် လက်မခံရန် နှင့် မိမိကလည်း အခြားသူများထံ သွားရောက်ခြင်း မပြုရန် ၊ မဖြစ်မနေအရေးကြီးကိစ္စကြောင့် နေအိမ် ပြင်ပသို့ ထွက်ခွာပါက နှာခေါင်းစည်း (Mask) ကို စနစ်တကျ တပ်ဆင်ရန်၊ လက်ကို ဆေးကြောခြင်း မပြုဘဲ ပါးစပ်၊ နှာခေါင်းနှင့် မျက်စေ့တို့ကို ပွတ်သပ်ခြင်း၊ ကိုင်တွယ်ခြင်း၊ ထိတွေ့ခြင်း၊ မပြုလုပ်ကြ ရန်နှင့် (Mask) မတပ်ဆင်သူများနှင့် တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ လေ၀င်လေထွက် မကောင်းသော အခန်းများကို ရှောင်ရန်နှင့် မိမိတို့ နေအိမ်များကို ပြူတင်း တံခါးများဖွင့်ပြီးလေ၀င်လေထွက် ကောင်း အောင်ပြုလုပ်ကြရန်၊ နှာခေါင်းစည်းကို အိမ်အပြင်တွင်စနစ် တကျစွန့်ပစ်ရန်နှင့် ကိုဗစ်- ၁၉ ကူးစက် ခံနေရသည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနများ နှင့် ဆက်သွယ်၍ မပျက်မကွက် စစ်ဆေး ကုသမှုခံယူကြပါရန်၊ ရောဂါကူးစက်ပြန့်ပွားမှု ကိုအမြန်ကာကွယ် တားဆီးထိန်းချုပ်နိုင်ရန် ပြည်သူများ အားလုံးကိုယ်စီလိုက်နာကြပြီး ပူးပေါင်းပါ၀င်ပေးကြရန် အသိပညာပေးနှိုးဆော်ခဲ့ပြီး နှာခေါင်းစည်း များဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အောင်ပိုင်ပိုင်ကျော် (စဉ့်ကိုင်)