ရသေ့တောင် သြဂုတ် ၅
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပ့ားမှု လျော့နည်း စေရေးနှင့် ကြိုတင်ကာကွယ်ရေးလုပ်းငန်းများကို ပြည်သူများထိထိရောက်ရောက်လိုက်နာ ဆောင်ရွက်နိုင်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် အသိပညာပေးနှိုးဆော်ချက်များအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဖွဲ့ဝင်များ ပူးပေါင်း၍ ယမန်နေ့ နံနက်ပိုင်းက ရပ်ကွက်များသို့ အသံချဲ့စက်များဖြင့် လှည့်လည်နှိုးဆော်ပေးလျက်ရှိသည်။
ထိုသို့ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ထုတ်ပြန်ထားသည့် အတတ်နိုင်ဆုံးမိမိအိမ်တွင်သာနေထိုင်ရန်၊ မဖြစ်မနေအပြင်ထွက်ရပါက နှာခေါင်းစည်း(Mask) ကို စနစ်တကျတပ်ဆင်ပြီးမှ သွားလာ ရန်၊ လူစုလူအဝေးအတတ်နိုင်ဆုံးရှောင်ကြည်ပြီး တစ်ဦးနှင့်တစ်ဦး အနည်းဆုံး(၆) ပေ အကွာ နေထိုင်ရန်၊ လက်ကိုမကြာခဏ ဆပ်ပြာနဲ့ စက္ကန့်(၂၀)ကြာအောင်စနစ်တကျ ဆေးကြောရန်၊ လေဝင် လေထွက်ကောင်းသောနေရာများတွင်နေထိုင်ရန်၊ အပြင်မှပြန် လာတိုင်း နှာခေါင်းစည်း(Mask)ကို အိမ်အပြင်အမှိုက်ပုံးတွင် စနစ်တကျစွန့်ပစ်ရန်၊ အသုံးအဆောင် ပစ္စည်းတစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း လက်ကိုဆပ်ပြာနှင့် ဆေးကြောခြင်း မပြုမီ ပါးစပ် နှာခေါင်း မျက်စိတို့ကို ပွတ်သပ်ခြင်း၊ ကိုင်တွယ်ခြင်းမပြုလုပ်ရန်၊ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ သံသယလက္ခဏာဖြစ်လာပါက နီးစပ်ရာ ကျန်းမာရေးဦးစီးဌာနသို့ သွားရောက်ပြသကြရန်နှင့် ယခုအချိန်ခါ နိုင်ငံတော်အစိုးရ အစီအစဉ်ဖြင့် မိမိမြို့နယ်မှာ ကိုဗစ်-၁၉ကာကွယ်ဆေးများအား သတ်မှတ်စုရပ်များတွင် နံနက်(၉)နာရီမှ ညနေ(၄)နာရီထိ ထိုးနှံပေးလျက်ရှိပြီး အသက်(၆၅)နှစ်နှင့် အထက်သက်ကြီးရွယ်အိုများအနေဖြင့်လည်း မိမိတို့စုရပ်များသို့ သွားရောက်ပြီး ထိုးနှံကြပါရန် စသည့်အသိပေး နှိုးဆော်ချက်များအား အသံချဲ့စက်များဖြင့် လှည့်လည်နှိုး ဆော်ခဲ့သည်။
ရသေ့တောင်မြို့နယ်တွင် ကိုဗစ-၁၉ ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရေးအတွက် ကြိုတင် ကာကွယ်ရေး လုပ်ငန်းများကို မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အောင်စံထွန်း (ပြန်/ဆက်)