နတ်မောက် အောက်တိုဘာ ၁၅
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်အတွင်းမှ ထူးချွန်ထက်မြက်သော ကျောင်းသား၊ ကျောင်းသူများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ အခြေခံပညာဦးစီးဌာနက ကြီးမှူးကျင်းပသော ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့်အင်္ဂလိပ်စာ၊ သင်္ချာစွမ်းရည်ပြိုင်ပွဲကို အောက်တို ဘာ ၁၄ ရက်နေ့ နံနက် (၉)နာရီက နတ်မောက်မြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။
အဆိုပါ မြို့နယ်အဆင့်အင်္ဂလိပ်စာ၊ သင်္ချာစွမ်းရည်ပြိုင်ပွဲကို အောက်တိုဘာ ၁၄ ရက်နှင့် ၁၅ ရက်တို့တွင် ကျင်းပရာ ကျောင်းသား၊ ကျောင်းသူ (၁၁၆)ဦးတို့ ဝင်ရောက်ဖြေဆိုလျှက် ရှိကြောင်း သိရသည်။ ကျောင်းသား၊ ကျောင်သူများ အေးချမ်းစွာဖြေဆိုနိုင်ရန်အတွက် မြို့နယ်ပညာရေးမှူးက ဦးဆောင်ပြီး အခြေခံပညာကျောင်းများမှကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများဆရာ၊ ဆရာမများက အနီးကပ် စောင့်ကြပ်ပေးခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံး တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ဥမ္မာခင်