ချောင်းဆုံမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်  အခြေခံပညာ မူလတန်း၊ အလယ်တန်းအဆင့် အင်္ဂလိပ်စာ၊ သင်္ချာစွမ်းရည်ပြိုင်ပွဲ ကျင်းပ

ချောင်းဆုံ အောက်တိုဘာ ၁၅

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်ရှိ အခြေခံပညာ (ထက်၊ လယ်၊ မူ)ကျောင်းများမှ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မူလတန်းအဆင့်နှင့် အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ၏ မြို့နယ်အဆင့် အင်္ဂလိပ်စာ၊ သင်္ချာစွမ်းရည်ပြိုင်ပွဲကို မြို့နယ်အခြေခံပညာဦးစီးဌာနမှ ဦးဆောင်၍ အောက်တိုဘာလ (၁၄) ရက်နေ့ နံနက်(၉)နာရီက ချောင်းဆုံ(အ-ထ-က) ကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ စွမ်းရည်ပြိုင်ပွဲကို မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း (၁၁၁)ကျောင်းမှ မူလတန်းအဆင့်နှင့် အလယ်တန်းအဆင့် Grade-5 မှ Grade-9 အထိ ကျောင်းသား/သူများ ဝင်ရောက် ယှဉ်ပြိုင်ကြပြီး အင်္ဂလိပ်စာ စွမ်းရည် ပြိုင်ပွဲကို ကျောင်းသား၊ ကျောင်းသူ (၁၄၁) ဦး၊ သင်္ချာ စွမ်းရည် ပြိုင်ပွဲကို ကျောင်းသား၊ကျောင်းသူ (၁၄၆) ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၂၈၇) ဦးတို့မှ အောက်တိုဘာ (၁၄)ရက်နေ့တွက် ရေဖြေ ဖြေဆိုခြင်းနှင့် အောက်တိုဘာ (၁၅)ရက်နေ့တွင် နှုတ်ဖြေ ဖြေဆိုကာဝင်ရောင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း  မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ကိုကျော်(ချောင်းဆုံ)