Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ချောင်းဆုံမြို့နယ် ဇီးကုန်းကျေးရွာရှိ အိမ်ထောက်စု(၁၉၀)အား စားသောက်ကုန်နှင့်ငွေများ သွားရောက်လှူဒါန်း
Sep 06,2021
ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း၊ ပင်လယ်ကမ်းနားရွာရှိ လက်လုပ်လက်စား အခြေခံလူတန်းစားများ စားဝတ်နေရေး အဆင်ပြေစေရန်အတွက် ယမန်ရက်နေ့ ကချောင်းဆုံမြို့နယ် ဇီးကုန်းကျေးရွာရှိ အိမ်ထောင်စုဝင်များအား စားသောက်ကုန်နှင့် ငွေများကို မော်လမြိုင်မြို့နေ အလှူရှင် ဦးဉာဏ်လင်း၊ဒေါ်အေးသန်း၊ သား မောင်ထက်ပိုင်လင်း၊ မောင်ဝေဇင်လင်း(ဆန်းသစ်ဦး၊ စိန်ရွှေရတနာဆိုင်)မိသားစုတို့က သွားရောက်လှူဒါန်းခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မင်းတပ်မြို့၌ အသက်(၆၅)နှစ်အထက်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm ဒုတိယအကြိမ် ထိုးနှံပေးလျက်ရှိ
Sep 06,2021
ချင်းပြည်နယ်၊ မင်းတပ်မြို့၌ အသက်(၆၅)နှစ်အထက်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm ဒုတိယအကြိမ် ထိုးနှံခြင်းကို ခရိုင်ပြည်သူ့ဆေးရုံတွင် ယနေ့နံနက် (၉)နာရီ အချိန်တွင် စတင်၍ ထိုးနှံပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
တောင်တွင်းကြီးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ အတည်ပြုလူနာ(၁၂၇၈)ဦးအနက် (၉၅၃)ဦး ဆေးရုံဆင်းခွင့်ရရှိ
Sep 06,2021
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ အနံပျောက် ဝေဒနာခံစားနေရသူများကို Mobile Test Kit ဖြင့် ယမန်နေ့က စစ်ဆေးခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကိုဗစ်လူနာသီးသန့်ခွဲစိတ်ဆောင်တွင် အသုံးပြုရန် ခွဲစိတ်ခန်းသုံးပေါင်းအိုးနှင့် မီးစလောင်း လှူဒါန်း
Sep 06,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ် ကုသရေးဦးစီးဌာန၊ ကုတင် (၅၀)ဆံ့ပြည်သူ့ဆေးရုံတွင် ဖွင့်လှစ်ထားသော ကိုဗစ်လူနာ(မွေးလူနာ)သီးသန့်ခွဲစိတ်ဆောင်တွင် အသုံးပြုရန် ခွဲစိတ်ခန်းသုံးပေါင်းအိုးနှင့် မီးစလောင်းလှူဒါန်းခြင်းကို ယမန်နေ့ ညနေ၅နာရီခွဲက မြို့နယ်ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
သရက်မြို့၌ ဆရာတော် သံဃာတော်များနှင့် ပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး
Sep 06,2021
မကွေးတိုင်းဒေသကြီး သရက်မြို့ရှိ သတ်မှတ်နေရာများ၌ ဆရာတော်၊ သံဃာတော်များနှင့် ပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေးလျက်ရှိရာ ရွှေသက်လွတ် ဘုရာဝန်းအတွင်းရှိ သာသနာ့ဗိမာန်တော်၌ ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပြီးသူများအား ယနေ့ နံနက်(၉) နာရီက ဒုတိယအကြိမ် ကာကွယ်ဆေးများ ထိုးနှံပေးခြင်းကို ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများမှ ဆောင်ရွက်ပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကလေးမြို့ ကုတင်(၃၀၀) ပြည်သူ့ဆေးရုံကြီးတွင် ကလေးငယ်များအား ကာကွယ်ဆေးများ ဒုတိယပတ် ပထမနေ့ ဆက်လက်ထိုးနှံ တိုက်ကျွေးပေး
Sep 06,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့၌ မွေးကင်းစအရွယ်မှ တစ်နှစ်ခွဲ အရွယ်အထိ ကလေးငယ်များအား ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို ကလေးမြို့ ပြည်သူ့ဆေးရုံကြီးတွင် ယနေ့နံနက်နံနက် ၉ နာရီမှ ၁၂ နာရီအချိန်အထိ ကာကွယ်ဆေးများ တတိယပတ် ပထမနေ့ ဆက်လက်ထိုးနှံ တိုက်ကျွေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ်၌ အောက်ဆီဂျင်စက်ရုံ တည်ဆောက်နေမှု ၇၀ ရာခိုင်နှုန်းခန့် တည်ဆောက်ပြီးစီးနေပြီဖြစ်
Sep 06,2021
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ပိုးတွေ့အတည်ပြုလူနာများနှင့် အခြားသော နာမကျန်းလူနာများအတွက် အောက်ဆီဂျင် လိုအပ်ချက်အခက်အခဲ မဖြစ်စေရေးအတွက် မြို့နယ်ကိုဗစ် - ၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်သမ္မာဆန္ဒကရုဏာရှင်များ နာမှုကူညီရေး အသင်းနှင့် မြို့မိမြို့ဖများ ပူးပေါင်း၍ ပွင့်ဖြူမြို့ ၊ သက်တော်ရှည်ရပ်ကွက်ရှိ စကားဝါလမ်းထောင့်နှင့် အင်ကြင်းလမ်းထောင့်ရှိ မြေကွက်တွင် အောက်ဆီဂျင်စက်ရုံ အကောင်အထည်ဖော် တည်ဆောက်လျက်ရှိရာ ယခုအခါ ၇၀ ရာခိုင်နှုန်းခန့် တည်ဆောက် ပြီးစီးနေပြီဖြစ်ကာ စက်တင်ဘာဒုတိယပတ်တွင် အပြီးတည်ဆောက်သွားမည်ဖြစ်ကြောင်း အဆိုပါ အောက်ဆီဂျင်စက်ရုံ ဖြစ်မြောက်ရေးအဖွဲ့မှအဖွဲ့ဝင် ဦးအောင်မျိုးဆက် ထံက သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းဆတ်မြို့၊ မြို့မဈေးအတွင်း ကျန်းမာရေးနှင့် ညီညွတ်မှုမရှိသည့် ရက်လွန်အေးခဲအသား၊ ငါးနှင့် ဒေသကြက်များ ရောင်းချမှုရှိ၊ မရှိစစ်ဆေး
Sep 06,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၊ မြို့မဈေးအတွင်း ကျန်းမာရေးနှင့် ညီညွတ်မှုမရှိသည့် ရက်လွန်အေးခဲအသား၊ ငါးနှင့် ဒေသကြက်များရောင်းချမှု ရှိ၊ မရှိ စစ်ဆေးခြင်းကို ယနေ့နံနက်(၆)နာရီခွဲက တာဝန်ရှိသူများ ရှောင်တခင်စစ်ဆေးခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25847
Page
25848
Page
25849
Page
25850
Current page
25851
Page
25852
Page
25853
Page
25854
Page
25855
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department