သုံးခမြို့တွင် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဆောင်ရွက်မည့် အ.ထ.က (၁) ကျောင်းကို ကွင်းဆင်းကြည့်ရှု

သုံးခွ အောက်တိုဘာ ၁၈

ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ်တွင် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဆောင်ရွက်မည့် အ.ထ.က (၁) ကျောင်းအား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ယမန်နေ့နံနက် ၁၀ နာရီက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦး‌ဇော်မျိုးဝင်းနှင့် အဖွဲ့ဝင်များသည် မုခ်ဦးဆောက်လုပ်မည့် တည်နေရာ၊ အခမ်းအနားကျင်းပမည့်ခန်းမ၊ စာစီစာကုံး၊ ကျပန်းစကားပြောပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲများ ပြုလုပ်မည့် စာသင်ခန်းများ၊ ကျောင်းစာကြည့်တိုက်နှင့် ဌာနဆိုင်ရာပြခန်း ပြသမည့်နေရာများနှင့် ဂိမ်းကစားနည်းပြိုင်ပွဲများ ပြုလုပ်မည့်နေရာများကို လိုက်လံကြည့်ရှုခဲ့ပြီး ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့် လိုအပ်သည်များကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

ကွင်းဆင်းကြည့်ရှုရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။

စည်သူလင်း(ပြန်/ဆက်)