လွိုင်လင် အောက်တိုဘာ ၁၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် အောက်တိုဘာ (၁၆) ရက်နေ့မွန်းလွဲပိုင်းက ခရိုင်/မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ကျင်းပပြုလုပ်ရာ ခရိုင်အုပ်ချုပ်ရေးမှုး ဦးကြည်မြင့်က အဖွင့်အမှာစကားပြောကြားပေးခဲ့ကာ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၊ ခရိုင်ရွေးကောက်ပွဲအရာရှိ ဦးသိန်းနိုင်မှ ဆန္ဒမဲပေးပိုင်ခွင့်ဆုံးရှုံးမှုမရှိစေရေးနှင့် မဲစာရင်းမှန်ကန်မှုရှိစေရေးအတွက် လိုအပ်ချက်များအား ရှင်းလင်းဆွေးနွေးပေးခဲ့သည်။
ဆက်လက်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှုးဦးသိန်းထွဋ်နှင့် တာဝန်ရှိသူများမှ မိမိတို့မြို့နယ်အတွင်း ဆန္ဒမဲပေးပိုင်ခွင့်ဆုံးရှုံးမှုမရှိစေရေးနှင့် မဲစာရင်းမှန်ကန်မှုရှိစေရေးအတွက် ဆောင်ရွက်နေမှုများအား ရှင်းလင်းဆွေးနွေးခဲ့ကြကာ တက်ရောက်လာကြသော အဖွဲ့ဝင်များမှ အထွေထွေသိရှိလိုသည်များအား ဆွေးနွေးတင်ပြခဲ့ကြကာ ခရိုင်အုပ်ချုပ်ရေးမှုးနှင့် တာဝန်ရှိသူများမှ သိရှိလိုသည်များအား ပြန်လည်ရှင်းလင်းပြောကြားပေးခဲ့သည်။
အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အယ်မင်း(လွိုင်လင်)