ရွှေပြည်သာ အောက်တိုဘာ ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အသိပညာပေး ဟောပြောပွဲ၊ စကားပုံဆက်၊ ဉာဏ်စမ်း၊ ဂိမ်းပြိုင်ပွဲများ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယမန်နေ့မွန်းတည့် ၁၂ နာရီက လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ကျင်းပသည်။
စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးအေးမိုးက အသိပညာပေးဟောပြောပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး အမှတ်(၁၅) အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းသား/သူ(၃၇)ဦးတို့က ပြိုင်ပွဲများအလိုက် ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ဆုရကျောင်းသား/သူများအား ဦးစီးအရာရှိနှင့် တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့နောက် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲသို့ တက်ရောက်လာကြသော ဆရာ/ဆရာမများ၊ ကျောင်းသား/သူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော အသိပညာပေး နံရံကပ်စာစောင်များ၊ သုတ/ရသစာအုပ်များအား လှည့်လည်ကြည့်ရှုကြကြောင်း သိရသည်။
နေမျိုးထွန်း(ပြန်/ဆက်)