ကလိန်အောင် စက်တင်ဘာ ၁၁
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ကလိန်အောင်မြို့အတွင်းရှိ ပြည်သူများကျန်းမာရေး စောင့်ရှောက်မှုပြုရာတွင် အောက်ဆီဂျင်လုံလောက်စွာ ရရှိနိုင်ရေးအတွက် ၁၅လီတာဝင် အောက်ဆီဂျင်အိုး အလုံး( ၂၀)နှင့်PPEအစုံ (၃၀၀)ကို ရတနာ၊ ရဲတံခွန်၊ ဇောတိက CSR လူမှုစီးပွားစီမံကိန်းမှ ဖြူစင်မေတ္တာ လူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဦးတင်စိုးထံသို့ ယနေ့ နံနက်ပိုင်းက လာရောက် လှူဒါန်းခဲ့ကြောင်းသိရသည်။
ထိုသို့လာရောက်လှူဒါန်းရာတွင် ကလိန်အောင်မြို့ဖြူစင်မေတ္တာလူမှုကူညီရေးအသင်း၊ ဥက္ကဋ္ဌ ဦးတင်စိုးက ကလိန်အောင်မြို့အတွင်းရှိပြည်သူများကျန်းမာရေး စောင့်ရှောက်မှုပြုရာတွင် အောက်ဆီဂျင်လုံလောက်စွာရရှိနိုင်ရေးအတွက် အသုံးပြုရန်အောက်ဆီဂျင်အိုးများနှင့်PPEဝတ်စုံများ လာရောက်လှူဒါန်းပေးသည့်(ရဲတံခွန်၊ဇောတိက၊ရတနာစီမံကိန်း)အား ကလိန်အောင် မြို့အတွင်းရှိ ပြည်သူများ(ကိုယ်စား)ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။
ဆက်လက်၍ (ရတနာ၊ ရဲတံခွန်၊ ဇောတိက၊ CSRလူမှုစီးပွားစီမံကိန်း)မှတာဝန်ရှိသူများက ၁၅လီတာဝင်အောက်ဆီဂျင်အိုး အလုံး(၂၀)နှင့်PPEအစုံ(၃၀၀)ကို ပေးအပ်လှူဒါန်းရာ ကလိန်အောင်မြို့ ဖြူစင်မေတ္တာ လူမှုကူညီရေးအသင်းမှ ဥက္ကဋ္ဌဦးတင်စိုးက လက်ခံရယူခဲ့ပြီး ကျန်းမာရေး ပြုစုစောင့်ရှောက်ရာတွင် အသုံးပြုရန်အောက်ဆီဂျင်လိုအပ်နေသော ပြည်သူများထံသို့ စနစ်တကျဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်းသိရသည်။