အမြို့မြို့အနယ်နယ်သတင်းများ

Mar 04,2020
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့ မြို့တော်ခန်းမ၌ ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့် အလမ်းများ ရရှိရေး၊ လူနေမှုဘဝ အဆင့်မြှင့်မားရေး၊ မိသားစုတစ်ဦးချင်းစီ ဝင်ငွေတိုးပွားရေး၊ အသက်မွေး ဝမ်းကျောင်း ပညာများ ပြန့်ပွားရေး၊ မြို့ပြနှင့် ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးကွာဟမှု ကျဉ်း မြောင်း စေရေး တို့ကို ရည်ရွယ်၍ မိုးညှင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးဆောင် ကျင်းပသည့် အသက်မွေး ဝမ်းကျောင်း အထောက်အကူပြု အခြေခံ စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်း ထုတ်လုပ်နည်း သင်တန်းဆင်းပွဲကို ယမန်နေ့ နေ့လယ် ၁ နာရီက ကျင်းပသည်။
Mar 04,2020
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့တွင် သာသနာတော်နှစ် ၂၅၆၃၊ ကောဇာသက္ကရာဇ် ၁၃၈၁ ခုနှစ်၊ တပေါင်းလဆန်း(၁)ရက်တွင် (၅)ရက်တိုင်တိုင် အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်က နောက်ဘက်ကမ်းကျေးရွာ သမိုင်းဝင် ရွှေဆံတော်၊ ရွှေအံတော် တောင်ပေါ်ကျောင်း၌ ကျင်းပပြုလုပ်သည်။
Mar 04,2020
ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးငယ်များအား အာဟာရ ပြည့်ဝစေရန်နှင့် ဉာဏ်ရည်ဖွံ့ဖြိုး တိုးတက်စေပြီး ကျန်းမာကြံ့ခိုင်စေရန် ရည်ရွယ်၍ ကျန်းမာရေး အသိပညာပေးဟောပြောခြင်းကို ယနေ့ နံနက် (၁၀)နာရီ အချိန်က ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန၊ ကျန်းမာရေး အသိပညာပေး စင်တာတွင် ပြုလုပ်သည်။
Mar 04,2020
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြစိမ်းရောင် ကျေးရွာစီမံကိန်းလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ တာကရားကျေးရွာအုပ်စု တာကရားရှေ့ကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း အတိုးရ ငွေဖြင့် ဖူးပွင့်စံပယ် မူကြိုကျောင်းဆောင် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပြုလုပ် ခဲ့သည်။
Mar 04,2020
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် နမ္မဝေါရပ်ကွက် တောင်ဘက်ခြမ်းတွင် ပြည်ထောင်စုအစိုးရ၏ ခွင့်ပြုရန်ပုံငွေဖြင့် အသစ်တည်ဆောက်လျက်ရှိသည့် ဘောလုံးကွင်း လုပ်ငန်းပြီးစီးမှု အခြေအနေများကို ယမန်နေ့ မွန်းလွဲ(၁)နာရီက ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ထွဏ်း၊ ဒေသဦးစီးအဖွဲ့ အလုပ်အမှုဆာင် ဦးသိန်းဇော်၊ ခရိုင်အားကာမှူး ဒေါ်သန်းရွှေမာနှင့် မြို့နယ်အရည်အသွေး စစ်ဆေးရေးကော်မတီများ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရဿည်။
Mar 04,2020
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး မီးဘေးသရုပ်ပြခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက ကျိုက်ဒုံမြို့အမှတ်(၄)ရပ်ကွက် ယုဇနလမ်း၊ မြို့မဈေးရှေ့၌ ကျင်းပခဲ့သည်။
Mar 04,2020
ကျိုင်းတုံမြို့နယ်၊ ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု စိုက်ပျိုးရေးသင်တန်း ဖွင့်ပွဲကို ယမန်နေ့ နံနက် (၁၀) နာရီက ကျိုင်းတုံမြို့နယ်၊ ယန်းလောအုပ်စု၊ ယန်းလောကျေးရွာရှိ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် ကျင်းပသည်။
Mar 04,2020
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့ ကျေးလက်ကျန်းမာရေးဌာနတွင် ရိုတာ ဗိုင်းရပ်စ်နှင့် ဆုံဆို့မေးခိုင်ပါဝင်သော (penta-4) ကာကွယ်ဆေး ထိုးနှံခြင်းအစီအစဉ်ကို ယမန်နေ့က ပုံပါကျင်မြို့ ကျေးလက်ကျန်းမာရေးဦးစီးဌာန၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။