ဘူးသီးတောင်မြို့နယ် ဂန္ဓာရီပရဟိတကျောင်းဝင်းရှိ တိုက်ပွဲရှောင်ပြည်သူ(၁၄၈)ဦးတို့အား (ဒုတိယအကြိမ်) ကိုဗစ်-၁၉ရောဂါ ကာကွယ် ဆေး (Sinopharm) ထိုးနှံ

ဘူးသီးတောင် စက်တင်ဘာ ၁၁

 

ရခိုင်ပြည်နယ်၊  ဘူးသီးတောင်မြို့ ဂန္ဓာရီပရဟိတကျောင်းဝင်းရှိတိုက်ပွဲရှောင်ပြည်သူများအား ယနေ့ နံနက်( ) နာရီအချိန်က ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေး (Sinopharm) ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

 

 ထိုသို့ ကာကွယ်ဆေးထိုးနှံမှုများဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးရန် လာရောက်သည့်  အသက် ( ၆၅ ) နှစ်အထက် ဦးစားပေး စာရင်းရေးသွင်းခြင်း၊ သွေးပေါင်ချိန်ကြည့်ခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်းများ ဆောင်ရွက် ကာ ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး (Sinopharm) ထိုးနှံပေးခဲ့ကြောင်းသိရသည်၊၊

 

ဘူးသီးတောင်မြို့နယ် ဂန္ဓာရီပရဟိတကျောင်းဝင်းရှိ တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု(၈၇)စု၊ လူဦးရေ (၄၇၀)ဦးရှိပြီး ဆေးထိုးနှံမည့် လူဦးရေ (၂၀၆ )ဦးရှိပြီးကြောင်း သိရသည်။

 

လှကျော် (ပြန်/ဆက်)