Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မိုင်းခုတ်မြို့၌ တောင်သူများအား အစေ့ထုတ်ပြောင်းမျိုးစေ့များ ထောက်ပံ့
Sep 12,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ စိုက်ပျိုးရေး ဦးစီးဌာနသည် ယခုနှစ်ဆောင်းသီးနှံအတွက် အစေ့ထုတ်ပြောင်း မျိုးစေ့များကို ယနေ့နံနက်ပိုင်းက ဘာထန်ကျေးရွာမှ တောင်သူများအား ထောက်ပံ့ ပေးခဲ့ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
တောင်တွင်းကြီးမြို့နယ်တွင် ရွေ့လျားယာဉ်ဖြင့် ကျေးရွာများသို့ ကွင်းဆင်း၍ ကိုဗစ်-၁၉ရောဂါ စစ်ဆေးခြင်းများ ဆက်လက်ဆောင်ရွက်
Sep 12,2021
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ထိရောက်စွာ ကာကွယ် ထိန်းချုပ် နိုင်ရေးအတွက် ပူးပေါင်းအဖွဲ့က ရွေ့လျားယာဉ်ဖြင့် အခမဲ့ ကိုဗစ်-၁၉ရောဂါ စစ်ဆေးခြင်းများ ဆောင်ရွက် ပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက တောင်တွင်းကြီးမြို့နယ် အတွင်းရှိ ကျေးရွာများမှ ဒေသခံကျေးလက်နေ ပြည်သူများ ကိုဗစ်-၁၉ရောဂါ ကင်းဝေးစေရေး RDT(Test Kits)ဖြင့် ရောဂါရှာဖွေစစ်ဆေးခြင်းများ ကွင်းဆင်း ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မအီမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမဖြစ်ပေါ်လာစေရေး Mobile အသိပညာပေး ကွင်းဆင်းဆောင်ရွက်
Sep 12,2021
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ မအီမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်လာစေရေးအတွက် ကိုဗစ်-၁၉ ရောဂါ တားဆီးကာကွယ်ထိန်းချုပ်ရေး သတ်မှတ်ကာလအတွင်း ပြည်သူများ မလိုအပ်ဘဲ အိမ်ပြင်မထွက်ကြရန်၊ အိမ်ပြင်ထွက်တိုင်း နှာခေါင်းစည်း(Mask) စနစ်တကျ တပ်ဆင်ကြစေရန် မအီမြို့၊ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် ပူးပေါင်းအဖွဲ့သည် ယနေ့ မွန်းလွဲပိုင်းက မြို့ပေါ်ရပ်ကွက်များနှင့် လူစည်ကားရာ လမ်းဆုံ၊ လမ်းမများတွင် Mobile အသိပညာပေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ်၌ မိုးဘိုင်းစစ်ဆေးရေးယာဉ်ဖြင့် ဒေသခံပြည်သူ(၂၃)ဦးအား RDT Test Kits အခမဲ့ ရောဂါရှာဖွေစစ်ဆေးပေးရာ ပိုးမတွေ့ရှိရကြောင်း သိရ
Sep 12,2021
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မိုးဘိုင်းစစ်ဆေးရေးယာဉ်ဖြင့် ကျေးရွာများအရောက် နယ်လှည့်ကွင်းဆင်းပြီး ဒေသခံကျေးလက်နေပြည်သူများကို အခမဲ့ ရောဂါရှာဖွေစစ်ဆေးပေးခြင်းများ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ပွင့်ဖြူမြို့နယ်အတွင်းရှိ ကျေးရွာ(၆)ရွာရှိ ဒေသခံပြည်သူ (၂၃)ဦးအား RDT Test Kits ဖြင့် ကိုဗစ် - ၁၉ ရောဂါပိုး ရှိ / မရှိ စစ်ဆေးရာတွင် မည်သူမျှ ကိုဗစ်ပိုး မတွေ့ရှိရကြောင်း ပွင့်ဖြူမြို့နယ်ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရှားတောမြို့၌ မြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက် ဘိုးဘွားများအာ လူမှုရေးပင်စင် အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့
Sep 12,2021
ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ရှားတောမြို့နယ်တွင် မြို့နယ်အတွင်းရှိ အသက်(၈၅)နှစ် နှင့်အထက် ဘိုးဘွားများ၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် တတိယ(၃)လပတ် လူမှုရေးပင်စင်များကို ယမန်နေ့က အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး အသံချဲ့စက်ဖြင့် လှည့်လည်နှိုးဆော်
Sep 12,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်း မြို့နယ် အတွင်းရှိ လူစည်ကားရာ နေရာများ၌ မြို့နယ်စည်ပင်သာ ယာရေးဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်း၍ ယမန်နေ့ နံနက် ၇ နာရီက ရပ်ကွက်များ အတွင်း ပြည်သူများ သိရှိလိုက်နာနိုင်ရန်နှင့် ကိုဗစ်-၁၉ ကူးစက်မှုမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ကျန်းမာရေးဆိုင်ရာ အသိပေးချက်များအား လှည့်လည်နှိုးဆော်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့နယ်တွင် သန့်ရှင်းလတ်ဆတ်သော အသား/ငါးဟင်းသီးဟင်းရွက်များကို စျေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခြင်းအား လိုက်လံစစ်ဆေး
Sep 12,2021
ရန်ကုန် အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်၊ ပြည်လမ်း အနောက်ရပ်ကွက်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ ဝန်ထမ်းအိမ်ရာဝင်းနေ မိဘပြည်သူများအား ကိုဗစ်-၁၉ ကာလအတွင်း စျေးနှုန်းချိုသာစွာဖြင့် သန့်ရှင်းလတ်ဆတ်သော အသား၊ ငါး၊ ဟင်းသီးဟင်းရွက်များ၊ အခြေခံ စားသောက်ကုန်များ ဖြစ်သည့် ဆန်၊ဆီများကို ယမန်နေ့ နံနက် နံနက်(၇)နာရီတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အစီအစဉ်ဖြင့် စျေးကား(၇)စီး လာရောက် ရောင်းချပေးခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များ အရာတော်(၂) မြစ်ရေတင်စီမံကိန်းသို့ သွားရောက်ကြည့်ရှုခဲ့ပြီး မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများအ…
Sep 12,2021
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်အဖွဲ့ဝင်များသည် အရာတော်မြို့နယ် ယမန်နေ့ နံနက် ၁၁ နာရီခွဲက အရာတော်မြို့နယ် မကျီးဇောက်ကျေးရွာရှိ အရာတော် ၂ မြစ်ရေတင်လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးရာ စီမံကိန်းတာဝန်ခံ ဦးခင်မောင်ထွေးက မြစ်ရေတင်စီမံကိန်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ လိုအပ်သည်များကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25654
Page
25655
Page
25656
Page
25657
Current page
25658
Page
25659
Page
25660
Page
25661
Page
25662
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department