ဒဂုံမြို့နယ်တွင် သန့်ရှင်းလတ်ဆတ်သော အသား/ငါးဟင်းသီးဟင်းရွက်များကို စျေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခြင်းအား လိုက်လံစစ်ဆေး

ဒဂုံ  စက်တင်ဘာ   ၁၂

ရန်ကုန် အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်၊ ပြည်လမ်း အနောက်ရပ်ကွက်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ ဝန်ထမ်းအိမ်ရာဝင်းနေ မိဘပြည်သူများအား ကိုဗစ်-၁၉ ကာလအတွင်း စျေးနှုန်းချိုသာစွာဖြင့် သန့်ရှင်းလတ်ဆတ်သော အသား၊ ငါး၊ ဟင်းသီးဟင်းရွက်များ၊ အခြေခံ စားသောက်ကုန်များ ဖြစ်သည့် ဆန်၊ဆီများကို ယမန်နေ့ နံနက် နံနက်(၇)နာရီတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အစီအစဉ်ဖြင့် စျေးကား(၇)စီး လာရောက် ရောင်းချပေးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ စျေးရောင်းချနေမှုအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ လိုက်နာ ဆောင်ရွက်ကြရန်နှင့် ဝယ်ယူစားသုံးသူ ပြည်သူများ စျေးနှုန်းသက်သာမှုရှိစေရန်အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ (မြို့တော်ဝန်)၊ ဒုတိယ ဥက္ကဋ္ဌ (ဒုတိယမြို့တော်ဝန်)၊ အတွင်းရေးမှူး ၊ ကော်မတီဝင်များ၊ သက်ဆိုင်ရာဌာနမှူးများ၊ ဒုတိယ ဌာနမှူး ၊ စီမံရေးရာဌာန (ခရိုင်/မြို့နယ် ရုံး) များ ကလိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

မိဘပြည်သူများအား သန့်ရှင်းလတ်ဆတ်သော အသား/ငါး၊ ဟင်းသီးဟင်းရွက်များကို လာရောက် ရောင်းချပေးခြင်းကို ဒဂုံမြို့နယ် စည်ပင်သာယာရေးကော်မတီ ဝန်ထမ်းများက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဒဂုံမြို့နယ် (ပြန်/ဆက်)