ပွင့်ဖြူ စက်တင်ဘာ ၁၂
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မိုးဘိုင်းစစ်ဆေးရေးယာဉ်ဖြင့် ကျေးရွာများအရောက် နယ်လှည့်ကွင်းဆင်းပြီး ဒေသခံကျေးလက်နေပြည်သူများကို အခမဲ့ ရောဂါရှာဖွေစစ်ဆေးပေးခြင်းများ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ပွင့်ဖြူမြို့နယ်အတွင်းရှိ ကျေးရွာ(၆)ရွာရှိ ဒေသခံပြည်သူ (၂၃)ဦးအား RDT Test Kits ဖြင့် ကိုဗစ် - ၁၉ ရောဂါပိုး ရှိ / မရှိ စစ်ဆေးရာတွင် မည်သူမျှ ကိုဗစ်ပိုး မတွေ့ရှိရကြောင်း ပွင့်ဖြူမြို့နယ်ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။
အဆိုပါ မိုဘိုင်းစစ်ဆေးရေးယာဉ်ဖြင့် ကိုဗစ် - ၁၉ ရောဂါပိုး ရှိ/မရှိ အခမဲ့ ရှာဖွေစစ်ဆေးပေးခြင်းကို မြို့နယ် ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက Volunteer အဖွဲ့ဝင်များနှင့် ပူးပေါင်းပြီး ယနေ့ နံနက်ပိုင်းက ပွင့်ဖြူမြို့နယ် မုန်တောကြီး ကျေးရွာ ၊ လယ်မကျေးရွာ ၊ ဥယျာဉ်ကျစ်ကျေးရွာ ၊ မင်းရွာကျေးရွာ ၊ ခုံစုကျေးရွာနှင့် ညောင်ကုန်းကျေးရွာများသို့ သွားရောက်ပြီး ဒေသခံကျေးလက်နေပြည်သူ(၂၃)ဦး အား RDT Test Kits ရှာဖွေစစ်ဆေးပေးခဲ့ရာ တစ်ဦးမျှ ပိုးမတွေ့ရှိရကြောင်း ၊ အလားတူ မြို့နယ်အတွင်း ကိုဗစ် - ၁၉ ရောဂါကူးစက်မှုလျော့နည်းပပျောက်စေရေးအတွက် မြို့နယ်ပြည်သူ့ဆေးရုံနှင့် တိုက်နယ်ဆေးရုံ (၂)ခုတို့တွင် ကျန်းမာရေးစစ်ဆေးမှုခံယူလိုသော ဒေသခံပြည်သူ(၂၃)ဦးအား စစ်ဆေးရာတွင်လည်း ရောဂါပိုးမတွေ့ရှိရကြောင်း ပွင့်ဖြူမြို့နယ်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာစိုးစိုးနိုင် ထံမှ သိရသည်။
ပွင့်ဖြူမြို့နယ်တွင် ဇွန်လ ၂၉ ရက်နေ့မှ ယနေ့အထိ ကိုဗစ်ပိုးတွေ့ အတည်ပြုလူနာ ၈၀၉ ဦး ရှိပြီဖြစ်ကာ ကျန်းမာရေးကောင်းမွန်၍ ဆေးရုံဆင်းခွင့်ရရှိသူ ၇၀၃ ဦး ၊ ဆေးဝါးကုသမှုခံယူနေဆဲ ပိုးတွေ့အတည်ပြုလူနာ ၅၉ ဦး ၊ သေဆုံးသူ (၄၇) ဦး ရှိကြောင်း မြို့နယ်ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ ထံမှ သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)