ကိုဗစ်-၁၉ရောဂါ  ကြိုတင်ကာကွယ်ရေး အသံချဲ့စက်ဖြင့် လှည့်လည်နှိုးဆော်

 

ရန်ကုန်  စက်တင်ဘာ ၁၂

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်း မြို့နယ် အတွင်းရှိ လူစည်ကားရာ နေရာများ၌  မြို့နယ်စည်ပင်သာ ယာရေးဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်း၍  ယမန်နေ့ နံနက် ၇ နာရီက ရပ်ကွက်များ အတွင်း ပြည်သူများ သိရှိလိုက်နာနိုင်ရန်နှင့် ကိုဗစ်-၁၉ ကူးစက်မှုမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ကျန်းမာရေးဆိုင်ရာ အသိပေးချက်များအား လှည့်လည်နှိုးဆော်ခဲ့ကြောင်း သိရသည်။

သင်္ဃန်းကျွန်းမြို့နယ်အတွင်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော အဓိကလိုက်နာရမည့် ကျန်းမာရေးဆိုင်ရာလမ်း ညွှန်ကြားအချက် များအား ရပ်ကွက်နေ ပြည်သူများ အနေဖြင့် ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါဆိုင်ရာ ဆောင်ရန်/ရှောင်ရန် အချက်များအား ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန်အတွက်  ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အဓိက လိုက်နာ ရမည့် အချက်များဖြစ်သော   တတ်နိုင်သမျှ မိမိအိမ် မှာနေထိုင်ကြရန်၊ လူစုလူဝေး ရှိရာနေရာများသို့ မလိုအပ်ဘဲမသွားကြရန်၊ အပြင်ထွက်တိုင်းနှင့် လူစုလူဝေးရှိသည့် နေရာများသို့ သွားသည့်အခါတိုင်း ပါးစပ်နှင့်နှာခေါင်းစည်း(Masks) ကို စနစ်တကျ မပျက်မကွက် တပ်ဆင်ကြပါရန် စသည့်အချက်များအား  မြို့နယ် အတွင်းရှိ ရပ်ကွက်များ၊  စျေးများ၊ လူစည်ကားရာနေရာများသို့ သွားရောက်ပြီး  ကျန်းမာရေး ဆိုင်ရာ ညွှန်ကြားချက်များအား ပြည်သူများတိကျစွာလိုက်နာကြရန်အတွက်  အသံချဲ့စက်ဖြင့်  အသိပေး လှည့်လည်နှိုးဆော်ခြင်းများ ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

စန္ဒာမိုး(ပြန်/ဆက်)