Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ဟိုတယ်နှင့်တည်းခိုရိပ်သာများတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်း ၁၅၆၅ ဦး ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေးထိုးနှံပြီး
Sep 12,2021
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နှင့် ကျောက်ပန်းတောင်းမြို့နယ် အတွင်းရှိ ဟိုတယ်နှင့် တည်းခိုရိပ်သာများတွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးခြင်းများ ထိုးနှံပေးလျှက်ရှိရာ ယနေ့ထိ ၁၅၆၅ ဦး ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးပြီဖြစ်ကြောင်း ဟိုတယ်နှင့်ခရီး သွားညွှန်ကြားမှုဦးစီးဌာန၊ ဦးဝင်းအောင် (ဒုတိယညွှန်ကြားရေးမှူး)ပုဂံရုံးခွဲထံကသိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းဆတ်မြို့ သဗ္ဗညုဘုန်းတော်ကြီးကျောင်း၌ ဆွမ်းဆန်၊ ဆီနှင့် ကုလားပဲ ဆက်ကပ်လှူဒါန်း
Sep 12,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဆွမ်းဆန်၊ ဆီနှင့် ကုလားပဲ ဆက်ကပ်လှူဒါန်းခြင်းကို ယမန်နေ့ နံနက်(၈)နာရီက သဗ္ဗညု ဘုန်းတော်ကြီးကျောင်းတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်နှင့် အညီကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သီပေါမြို့နယ် ကြက်ခြေနီအသင်းခွဲမှ ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ်အဖြစ် ရှေးဦးပြုစုခြင်းများ လေ့ကျင့်ဆောင်ရွက်
Sep 12,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ်အဖြစ် မြို့နယ်ကြက်ခြေနီ အသင်းခွဲမှ ထိခိုက်ဒဏ်ရာရ ရှေးဦးပြုစုခြင်း လက်တွေ့ လေ့ကျင့်ခြင်းများကို ယနေ့ နံနက်ပိုင်းက သီပေါမြို့ရွှေကျောင်း ပဋိပတ္တိသာ့သနာ့ ရိပ်သာတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းတုံမြို့၌ ကိုဗစ်-၁၉ စင်တာများသို့ အားဖြည့်အစားအစာများ ထောက်ပံ့လှူဒါန်း
Sep 12,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မိုင်းတုံမြို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စင်တာများသို့ အားဖြည့်အစား အစာများထောက်ပံ့လှူဒါန်းပေးခြင်းကို ယနေ့နံနက် (၈)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျွန်းလှမြို့၌ အောက်ဆီဂျင်အိုးများနှင့် Flow Meter များလှူဒါန်း
Sep 12,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကုသရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အောက်ဆီဂျင် လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းက အထောက်အကူဖြစ်စေရန်အတွက် ယမန်နေ့က ကျွန်းလှမြို့နယ် ဓမ္မစကူးကော်မတီမှ ငွေကျပ် ၁၄ သိန်းတန်ဖိုးရှိ၄၀ လီတာဆံ့ အောက်ဆီဂျင်အိုး (အရည်ပါ) ၁၀ လုံးနှင့် Flow Meter ၁၀ စုံအားလှူဒါန်းရာ မြို့မိမြိုဖအောက်ဆီဂျင် ကူညီစောင့်ရှောက်ရေး ကော်မတီ တာဝန်ရှိသူများက လက်ခံယူကြသည်။
အပြည့်အစုံ ဖတ်ရန်
ရခိုင်ပြည်နယ် မောင်တောမြို့ ပြည်သူ့ဆေးရုံမှ ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာများအနက် (၂) ဦး ထပ်မံဆေးရုံဆင်းခွင့်ပြုခဲ့ရာ ဆေးရုံဆင်းခွင့်ရသူ စုစုပေါင်း (၄၇၇) ဦးရှ…
Sep 12,2021
ရခိုင်ပြည်နယ် မောင်တောမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသည့်အတည်ပြုလူနာများအား မြို့နယ် ပြည်သူ့ဆေးရုံတွင် သီးသန့်ထားရှိ၍ ကြပ်မတ်ကုသပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ကိုဗစ်-၁၉ ပိုးတွေ့ရှိသူများ အနက်မှ ၂ ဦးမှာ ထပ်မံ၍ ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လာအိုနိုင်ငံရောက် ရွှေ့ပြောင်း မြန်မာအလုပ်သမား ၂၀၀ ဦးအား တာချီလိတ်မြို့နယ်ရှိ ဝမ်ပုံဆိပ်ကမ်းမှတစ်ဆင့် ပြန်လည်လွှဲပြောင်းပေး
Sep 12,2021
လာအိုနိုင်ငံရောက် ရွှေ့ပြောင်း မြန်မာအလုပ်သမား ၂၀၀ ဦးတို့အား တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(က)ကျေးရွာအုပ်စု၊ ဝမ်ပုံဆိပ်ကမ်းမှတစ်ဆင့် ယမန်နေ့တွင်လွှဲပြောင်းပေးလာရာ မြန်မာဘက်မှ တာဝန်ရှိသူများက ကြိုဆိုလက်ခံခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဝါးခယ်မမြို့နယ်၌ မြစ်ကမ်းပါးပြိုကျသဖြင့် ရေဘေးလွတ်ရာသို့ ယာယီပြောင်းရွှေ့ခဲ့သော အိမ်ထောင်စုများအား ထောက်ပံ့ငွေများပေးအပ်
Sep 12,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင်မြစ်ရေ တိုက်စား၍ မြစ်ကမ်းပါးပြိုကျခဲ့သဖြင့် ရေဘေးလွတ်ရာသို့ ယာယီပြောင်းရွှေ့ခဲ့သော အထက်ပေကုန်းကျေးရွာနှင့် ဟင်္သာဒုံးကျေးရွာများရှိ အိမ်ထောင်စုများအား ယမန်နေ့ နံနက် (၁၁)နာရီက ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25653
Page
25654
Page
25655
Page
25656
Current page
25657
Page
25658
Page
25659
Page
25660
Page
25661
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department