အမြို့မြို့အနယ်နယ်သတင်းများ

Sep 11,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယနေ့နံနက် ၁၀ နာရီအချိန်က ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အလှူငွေနှင့်ပစ္စည်းများ ပေးအပ်ပွဲ အခမ်းအနားကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းနှင့်အတူ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဗိုလ်မှူးကြီးလှဦး၊ လူမှုရေးဝန်ကြီး ဦးအောင်မြင့်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးချုပ်တင်ကိုကို တို့တက်ရောက် ချီးမြှင့်ခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
Sep 11,2021
တနင်္သာရီတိုင်း‌ဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့တွင် ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် ကာကွယ် ဆေးထိုးနှံခြင်း လုပ်ငန်းများကို မြို့ပေါ်တွင်သာမက ကျေးရွာများအထိ စုရပ်အလိုက် အဖွဲ့များခွဲ၍ သတ်မှတ်အုပ်စုများအလိုက် ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ကိုဗစ်-၁၉ရောဂါ ကူးစက်မှုခံခဲ့ရသော်လည်း ကာကွယ်ဆေး ထိုးနှံထားသည့်အတွက် ပြန်လည်ကောင်းမွန်လာသည့် သူများ၏ စကားသံများကို ဖော်ပြလိုက်ရပါသည်။
Sep 11,2021
လွတ်လပ်ပြီးတရားမျှတသော ပါတီစုံအထွေထွေရွေးကောက်ပွဲကျင်းပရာတွင် အသက် ၁၈နှစ် ပြည့်ပြီးသူတိုင်း နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသား(ပြု) လက်မှတ် ကိုင်ဆောင်မဲပေးနိုင်ရေး အတွက် နိုင်ငံသားတိုင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားရရှိရမည် ဟူသော ရည်မှန်းချက်ဖြင့် လူဝင်မှု ကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ စစ်တွ ေမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်း များက ပန်းခင်းစီမံချက်ဖြင့် မြို့နယ်အတွင်း တိုင်းရင်း သားများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
Sep 11,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ ၏ (၂၀၂၀-၂၀၂၁) ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး(ပိုလျှံ)ရန်ပုံငွေဖြင့် ဌာနမှ ဆောင်ရွက်သော ခရိုင်းချင်း ဆက်လမ်း အမှတ်(၁)လမ်းပေါ်ရှိ လက်ပံတန်းမြို့နယ်အပိုင် ဝါးရုံပင်ဇင်းအုပ်စုနှင့် မှော်အင်းအုပ်စု နယ်ခြား သဲကောတံတား ကွန်ကရစ်ကြမ်းခင်း ပြုပြင်ခြင်း လုပ်ငန်း ဆောင်ရွက်မှု ၉၅ရာခိုင်နှုန်းပြီးစီး နေပြီဖြစ်ကြောင်း သိရသည်။
Sep 11,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့၊ မြို့တော်ခန်းမတွင် ယမန်နေ့နံနက် (၉)နာရီက လားရှိုးမြို့ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့များနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် တွေ့ဆုံကြောင်း သိရ သည်။
Sep 11,2021
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ် တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် (ဒုတိယအကြိမ်) ကာကွယ်ဆေးများကို ဉီးစားပေး ဉီးတည်အုပ်စု အလိုက် ဆက်လက် ထိုးနှံပေးလျက်ရှိရာ ယမန်နေ့ နံနက် (၉)နာရီအချိန်ခန့်က တိုက်ကြီး မြို့နယ် အ.ထ.က(မြို့မ)ကျောင်း၌ စုရပ် (၂)နေရာ၊ ဥက္ကံမြို့ ရွှေကံသာခန်းမ ၊ အဖျောက်မြို့ ငွေဥဒေါင်းခန်းမ၊ ဖလုံ ကံကုန်း အ.ထ.က ကျောင်း၊ ဖိုးခေါင် ဓမ္မာရုံ နှင့် တော်လတီ အ.ထ.က ကျောင်း စသည့် စုရပ် (၇) နေရာတို့တွင် လာရောက်ထိုးနှံသူ စုစုပေါင်း (၆၇၅)ဉီးရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
Sep 11,2021
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင် နယ်စပ်ဒေသ မိုင်းယုမြို့တွင် ဒေသခံရှမ်းရိုးရာဓလေ့ ဝေဿန္တရာ ဇာတ်တော်(တန်းဌာန်း)ပွဲတော်ကို တော်သလင်းလဆန်းပိုင်း တစ်ရက်နေ့မှစ၍ လပြည့်ကျော်နေ့အထိ သတ်မှတ်ရက်များအလိုက် ရပ်ကွက်/ကျေးရွာများတွင် အလှည့်ကျဖြင့် ဘုန်းကြီးကျောင်း၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ကျင်းပ ပြုလုပ်လျက်ရှိ သည်။
Sep 11,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ၊စဉ့်ကိုင်မြို့နယ်အတွင်းရှိ ဆရာတော်၊သံဃာတော်များ၊အသက်(၆၅)နှစ်အထက် အဘိုးအဘွားများ၊ နိုင်ငံ့၀န်ထမ်းများ၊ စက်ရုံ ၊အလုပ်ရုံများမှ၀န်ထမ်းများ၊ ပရဟိတအသင်း၀င်များ၊ လူမှုရေးအသင်းအဖွဲ့များအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးလျှက်ရှိရာစက်တင်ဘာ(၁၁)ရက်နေ့အထိ(၃၃၂၅)ဦးကာကွယ်ဆေးထိုးနှံပေးပြီး ဖြစ်ကြောင်း သိရသည်။