အမြို့မြို့အနယ်နယ်သတင်းများ

Sep 11,2021
မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့နယ်၌ ယမန်နေ့ညနေ (၃)နာရီအချိန်ခန့်က တရော် ကုန်းရပ်ကွက် ပြည်လမ်း၊ သမဝါယမပိုင် ဆိုင်ခန်းဖြစ်သည့် အငှားဆိုင်ခန်း(၃)ခန်းပေါ်သို့ လုံးပတ်(၁၅) ပေခန့်၊ အရှည်(၆၀)ပေခန့်၊ သက်တမ်းနှစ်(၈၀)ခန့်ရှိ တမာပင်သည် အောက်ခြေအမြစ်များ ဆွေးမြေ့ကာလဲကျမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
Sep 11,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကိုဒုတိယအကြိမ် ပဉ္စမနေ့အဖြစ် စက်တင်ဘာ ၁၀ ရက်၊ နံနက် ၉ နာရီမှစ၍ ယင်းမာပင်မြို့၊ အခြေခံပညာအထက်တန်းကျောင်း စုရပ်၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
Sep 11,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်စမာကျေးရွာတွင် စိုက်ပျိုးထားသော ပဲတီစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး အထွက်နှုန်းကောင်းသဖြင့် ပဲတီစိုက်တောင်သူများ စီးပွားရေး အဆင်ပြေလျက် ရှိကြောင်း သိရှိရသည်။
Sep 11,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ပုလဲရတနာခန်းမ၌ စက်တင်ဘာ ၁၀ရက်၊နံနက်၉နာရီက ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm) ထိုးနှံခဲ့သော အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ အပါအဝင် ဦးတည်အုပ်စုများအလိုက် သတ်မှတ်ထားရှိသူများအား မြို့နယ် COVID–19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ကြီးကြပ်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများက ဒုတိယအကြိမ် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
Sep 11,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဧည့်ရိပ်သာအား ၂၀၂၀-၂၀၂၁ တိုင်းဒေသကြီးသာမန်ရန်ပုံငွေကျပ် (၆၈ ဒသမ ၆၀)သန်းဖြင့် တင်ဒါအောင်မြင်သည့်Star Chindwin ကုမ္ပဏီက ၂၀၂၁ ခုနှစ် ဧပြီလ ၁၂ရက်နေ့မှ စတင်ဆောက်လုပ်လျက်ရှိရာ ယခုအခါ (၆၅ ရာခိုင်နှုန်း)ခန့် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
Sep 11,2021
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ကြက်ခြေနီအသင်းခွဲမှ ကြီးမှူးသင်ကြား ပေးခဲ့သော ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ်အဖြစ် ထိခိုက်ဒဏ်ရာရရှေးဦးပြုစုခြင်း (Trauma First Aid Training) ကို စက်တင်ဘာ ၉ ရက်နှင့် ၁၀ ရက်နေ့များတွင် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ မြို့နယ်ကြက်ခြေနီအသင်းခွဲရုံး၌ သင်ကြားပို့ချခဲ့ကြောင်း သိရသည်။
Sep 11,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ကရင်ပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့်ကာလအတွင်း အခြေခံလူတန်းစားများ အခက်အခဲမရှိစေရန်အတွက် စားသောက်ကုန်ပစ္စည်းများဖြစ်သည့် ကြက်ဥများကို ဈေးနှုန်းချိုသာစွာဖြင့် ယမန်နေ့က မော်တော်ယာဉ်ဖြင့် လိုက်လံရောင်းချပေးလျက်ရှိကြောင်း သိရှိရသည်။
Sep 11,2021
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် ဦးစားပေးအုပ်စုအလိုက် ဩဂုတ် (၃၀)ရက်နေ့မှစ၍ နေ့စဉ် နံနက်၉နာရီမှ ၁၁နာရီအချိန်အထိ မြို့နယ်အတွင်းရှိ ဇုံနယ်မြေအလိုက် သတ်မှတ်နေရာများ၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။