အမြို့မြို့အနယ်နယ်သတင်းများ

Sep 10,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့ရှိ စာသင်တိုက် ဘုန်းတော်ကြီးကျောင်း (၃) ကျောင်းနှင့် သီလရှင်ကျောင်း တစ်ကျောင်းတို့မှ ဝါတွင်းကာလ သတင်းသုံးနေထိုင်တော်မူကြသော ဆရာတော် သံဃာတော် အရှင်သူမြတ်များနှင့် သီလရှင်ဆရာလေးများအတွက် ဝါတွင်းကာလနှင့် ကိုဗစ်-၁၉ ကာလ ဆွမ်းအခက်ခဲမဖြစ်ပေါ် စေရန်အတွက် ဌာနဆိုင်ရာ များစုပေါင်းပြီး ဆွမ်းဆန်တော်နှင့် လှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းကို ယနေ့ နံနက်ပိုင်းက ကျောင်းတိုက် များသို့ သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။
Sep 10,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွား မှုလျော့နည်းစေရေးအတွက် ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရေး လိုက်လံအသိပေးနှိုး ဆော်မှုအား ယနေ့ နေ့ နံနက် ၉ နာရီအချိန်တွင် မြို့ပေါ်/ရပ်ကွက်များ နှင့်မြို့မဈေးကြီးအတွင်း အသိပညာပေး နှိုးဆော်လျက်ရှိကြောင်း သိရသည်။
Sep 10,2021
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် သိန်းခွန်းကျေးရွာအုပ်စု ထုံခါရွာရှိ အကျဉ်းဦးစီးဌာန ဆင်ဖြူရှင် စိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှု အတတ်သင်စခန်း (ထုံခါ)ရွာရှိ လုပ်အားရှင် အကျဉ်းသား(၁၅၃)ဦးတို့အား (ဒုတိယ)အကြိမ်၊ ကိုဗစ်ကာကွယ်ဆေးကို စခန်းတာဝန်ခံရုံးအတွင်း ယမန်နေ့က ထပ်မံထိုးနှံပေးခဲ့ကြောင်း သိရှိရသည်။
Sep 10,2021
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ထိန်းချုပ်နိုင်ရေး၊ ရောဂါကူးစက်မှု မပြန့်ပွားစေရေးအတွက် အစုအဝေးဖြင့် နေထိုင်လျက်ရှိသည့် ဘုန်းတော်ကြီးကျောင်းများ၊ ပရိယတ္တိ စာသင်တိုက်၊ သီလရှင်ကျောင်းနှင့် ဘိုးဘွားရိပ်သာတို့ရှိ သံဃာတော်များ၊ သီလရှင်များနှင့် သက်ကြီး ဘိုးဘွားများအား ကိုဗစ်ရောဂါရှိ/မရှိကို ယနေ့တွင် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ ဉီးဆောင်၍ မိုဘိုင်းစနစ်ဖြင့် လိုက်လံစစ်ဆေးပေးလျက်ရှိသည်။
Sep 10,2021
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ နန်းသီလာကျေးရွာအုပ်စုအတွက်  သံဃာတော်များ၊ အသက် (၆၅)နှစ်နှင့်အထက် သက်ကြီး ရွယ်အိုများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ပရဟိတစေတနာ့ဝန်ထမ်းများနှင့် နိုင်ငံ့ဝန်ထမ်းများအား  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေးခြင်းကို  ယနေ့ နံနက်(၈)နာရီ အချိန်က ပလောက်မြို့ မြို့အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေသီလာရတနာခန်းမ၌ ကာကွယ် ဆေးထိုးနှံ ပေးခြင်းကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Sep 10,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၌ ဦးစားပေးအုပ်စုတွင် ပါဝင်သူများ  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးသူများအား ဒုတိယအကြိမ် ပြန်လည်ထိုးနှံပေးခြင်းကို  သတ်မှတ်ထားသည့် စုရပ်နေရာများ ၌ထိုးနှံပေးလျက်ရှိသည်။ 
Sep 10,2021
ပျော်ဘွယ်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးပထမအကြိမ်ထိုးနှံပြီးသည့် အသက်(၆၅)နှစ်နှင့် အဘိုးအဘွားများ၊ ဦးတည်အုပ်စုများအလိုက်ပါဝင်သူများအား ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံခြင်း ယနေ့ နံနက်(၈)နာရီမှစတင်ကာ မြို့နယ် ရာပြည့်သာသနာ့ဗိမာန်တွင် ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။