Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မိုးညှင်းမြို့၌ ကိုဗစ်−၁၉ ရောဂါပိုးပျောက်ကင်းသူနှင့် တွေ့ဆုံဆွေးနွေး
Sep 10,2021
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် ကိုဗစ်−၁၉ ရောဂါပိုးပျောက်ကင်းသူနှင့် တွေ့ဆုံ ဆွေးနွေးခြင်းကို ယနေ့ နံနက် (၁၁)နာရီက ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်မ၌ ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ထန်းတပင်မြို့နယ်တွင် ဒုတိယအကြိမ် စက်ရုံအလုပ်သမားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Sep 10,2021
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ်၌ စက်ရုံအလုပ်သမားများအား ယနေ့နံနက်ပိုင်းက မြို့နယ်သီရိမင်္ဂလာခန်းမ၌ ဒုတိယအကြိမ်ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပိုင်ကျုံမြို့ အထကကျောင်းတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ
Sep 10,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် သံဃာတော်များ၊ အသက်(၆၅)နှစ်အထက် သက်ကြီးဘိုးဘွားများ၊ ကျန်းမာရေး ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့ များ၊ နိုင်ငံဝန်ထမ်းများနှင့် ဈေးရောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့ နံနက် ၈ နာရီ ၃၀ မိနစ်အချိန်တွင် ပိုင်ကျုံမြို့ အခြေခံ ပညာအထက်တန်းကျောင်း၌ ဆက်လက်ထိုးနှံ ပေးလျက်ရှိကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ညောင်တုန်းမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေး ကတ်ပြားများ ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်
Sep 10,2021
ဧရာဝတီတိုင်းဒေသကြီး ၊ မအူပင်ခရိုင် ၊ညောင်တုန်းမြို့နယ်တွင် “လူမှုဘဝပြည့်စုံဖို့ နိုင်ငံ သားကတ်ကို ကိုင်ကြစို့” ပန်းခင်းစီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ အိမ်ထောင်စုလူဦးရေစာရင်းနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေးကို ယနေ့ နံနက် ၉ နာရီအချိန်တွင် ညောင်တုန်းမြို့နယ်ကျုံတမာကျေးရွာအုပ်စုရှိ စစ်မြေပြင် အင်ဂျင်နီယာ တပ်ရင်း ၉၀၅ တွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းဖြတ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု လျော့ကျစေရေးနှင့် အသွားအလာကန့်သတ်မှုတိုးမြှင့်ခြင်းကို ပြည်သူများသို့ အသံချဲ့စက်များဖြင့် အသိပညာပေးနှိုးဆော်…
Sep 10,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စုများ၌ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူများ နေ့စဉ်မြင့်တက်လျက်ရှိရာ ပိုးတွေ့လူနာများ မြင့်တက်မှုမရှိစေရေး၊ အသွားအလာ ကန့်သတ်မှုများကို ပြည်သူများသို့ အသိပေးပေးနှိုးဆော်ခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်ခန့်က မြို့နယ် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်၊ ကုသရေးကော်မတီနှင့် တာဝန်ရှိဌာနဆိုင်ရာများက မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများသို့ အသံချဲ့စက်များဖြင့် အသိပေးနှိုးဆော်ခဲ့ သည်။
အပြည့်အစုံ ဖတ်ရန်
မုဒုံမြို့နယ် အောက်ဆီဂျင်စက်ရုံမှ အောင်မြင်စွာ စတင်စမ်းသပ်ထုတ်လုပ်လည်ပတ်
Sep 10,2021
မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ်၌ အောက်ဆီဂျင်လုံလောက်စွာ ထုတ်လုပ်ရရှိနိုင်ရေး၊ အောက်ဆီဂျင်ပြတ် လပ်မှုမရှိစေရေးနှင့် အောက်ဆီဂျင်လိုအပ်သော အရေးပေါ်လူနာများအား အမြန်ဆုံးကုသပေးနိုင်ရေးအတွက် အောက်ဆီဂျင် ထုတ်လုပ်သည့် မုဒုံမြို့နယ် ဝင်းစိန်တောရ ကျောင်းဝင်း အောက်ဆီဂျင် စက်ရုံမှစက်ပစ္စည်းများ တပ်ဆင်နေမှုအခြေအနေများနှင့် အောက်ဆီဂျင်စက်စတင်စမ်းသပ်မောင်းနှင်းမှုကို ယနေ့ နေ့လယ်ပိုင်းကစ၍ ထုတ်လုပ်လည် ပတ်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရေကြီးနစ်မြုပ်ပျက်စီးခံရသော မိုးစပါးစိုက် တောင်သူများအတွက် မျိုးစေ့နှင့်မြေဩဇာများ ထောက်ပံ့
Sep 10,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်အတွင်း ရေကြီးနစ်မြုပ်ခံရ၍ ပျက်စီးသွားသော မိုးစပါးစိုက်တောင်သူများအား ယမန်နေ့ နံနက် ၉ နာရီခွဲခန့်က မြပတိုင်ကျေးရွာ နည်းပညာပြန့်ပွား ရေးစင်တာ၌ မျိုးစေ့နှင့်မြေဩဇာများ ထောက်ပံ့ပေးအပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်တန်းမြို့နယ်၌ “ပန်းခင်း” စီမံချက်ဖြင့် အိမ်ထောင်စုစာရင်းနှင့် ကိုင်ဆောင်လက်မှတ်များ ပြုလုပ်ပေးနိုင်ရေး ကျေးရွာများအရောက် ကွင်းဆင်းစာရင်းကောက်ယူ
Sep 10,2021
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်နေပြည်သူများအား “ပန်းခင်း” စီမံချက်ဖြင့် တိုင်းရင်းသား/ဉပဒေအရ နိုင်ငံသားများအား ဥပဒေနှင့်အညီ အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေးနိုင်ရန်အတွက် ကျေးရွာများ အရောက် လိုက်လံ၍ စာရင်းများ ကောက်ယူလျက်ရှိရာ ယနေ့ နံနက် ၉ နာရီက မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဒုတိယလူဝင်မှု ကြီးကြပ်ရေးမှူး ဦးဇော်လင်းထွဋ်နှင့် ဝန်ထမ်းများ၊ သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ရပ်/ကျေးစာရေးများ၊ ရာအိမ်မှူးများက ညောင်ဝိုင်း ကျေးရွာအုပ်စုသို့ ကွင်းဆင်းစာရင်းကောက်ယူခြင်းများ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25610
Page
25611
Page
25612
Page
25613
Current page
25614
Page
25615
Page
25616
Page
25617
Page
25618
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department