မိုင်းငေါ့ စက်တင်ဘာ ၁၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာ (၆)ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ပိုးတွေ့လူနာများသည် စက်တင်ဘာလ(၈) ရက်နေ့က ကိုဗစ်-၁၉ ရောဂါပိုးတွေ့သူများနှင့် ထိတွေ့ဆက်စပ်သူ အမျိုးသား (၄၅)ဦး၊ အမျိုးသမီး(၁၀)ဦး၊ Stay at Home မြို့နယ်များမှပြန်လာသူ အမျိုးသား(၁)ဦး၊ စုစုပေါင်း (၅၆))ဦးတို့အား Swab နမူနာများရယူပြီး လားရှိုးပြည်သူ့ဆေးရုံသို့ ပေးပို့စစ်ဆေးခဲရာ ထိတွေ့ဆက်စပ်လူနာများထဲမှ အမျိုးသား (၃)ဦး ၊ အမျိုး သမီး(၂)ဦးStay at Home မြို့နယ်မှပြန်လာသူ အမျိုးသား(၁) ဦး စုစုပေါင်း (၆)ဦးထံတွင် ကိုဗစ်- ၁၉ ရောဂါ ပိုးထပ်မံတွေ့ရှိခဲ့ ပါသည်။
ယင်းပို့တွေ့လူနာ(၆)ဦး တို့အား Quarantine Centre တွင် သီးသန့်ထားရှိပြီး ကျန်းမာရေး စောင့်ရှောက်မှုများကို ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း၊ မိုင်းငေါ့မြို့တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသည့်ကာလတစ်လျောက် ရောဂါပိုးတွေ့ရှိသူ (၆၁)ဦးရှိပြီး ကျန်းမာရေး ပြန်လည်ကောင်းမွန်လာ သူ (၃၃)ဦး၊သေဆုံးသူ ကိုဗစ်-၁၉ ပိုးတွေ့လူနာ အမျိုးသား(၁) ဦး ၊ အမျိုးသမီး (၁)ဦးနှင့် လက်ရှိတွင် ကိုဗစ် -၁၉ ရောဂါပိုးတွေ့ လူနာ(၂၆)ဦး ကျန်ရှိကြောင်း ကျန်းမာရေးဌာနမှတာဝန်ရှိသူတစ်ဦး၏ ပြောကြား ချက်အရသိရပါသည်။
မြင့်သွယ်(မိုင်းငေါ့ ပြန်/ဆက်)