အရာတော် စက်တင်ဘာ ၁၂
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်တွင် ယနေ့နံနက်(၉) နာရီ ခွဲအချိန်ခန့်က အနံ့ပျောက်၊ ပိုးတွေ့လူနာထိစပ်ထားသူ (၈) ဦးတို့အား မြို့နယ်ပြည်သူ့ဆေးရုံတွင် RDT (Rapid Test Kit) ဖြင့်စစ်ဆေးရာ ကိုဗစ်-၁၉ အတည်ပြုလူနာ အမျိုးသမီး (၅) ဦးထပ်မံတွေ့ရှိခဲ့ကြောင်း မြို့နယ်အဆင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီက သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာများမှာ အရာတော်မြို့ နယ်၊ အမှတ် ၂ မှ (၁) ဦး၊ ဝါးရောင်းကျေးရွာအုပ်စု၊ ဇီးပင်လယ်ကျေးရွာမှ(၁)ဦး၊ ရဲချင်းကျေးရွာမှ(၁)ဦး၊ ကျောက်ပျောက်ကျေးရွာမှ(၁)ဦး၊ ကမ်းပြူကျေးရွာမှ(၁)ဦး၊ စုစုပေါင်း(၅)ဦးဖြစ်ကြောင်း သိရသည်။
အဆိုပါ ပိုးတွေ့လူနာများအား မြို့နယ်ပြည်သူ့ဆေးရုံ သီးသန်းကုသဆောင်နှင့် သီရိရတနာ ခန်းမတို့တွင် ထားရှိကာ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးထားပြီး ၎င်းတို့နှင့် ထိစပ်ခဲ့သူများအား နေအိမ်တွင် အသွားအလာကန့်သတ်ထားရှိကာ ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကာ ပိုးတွေ့လူနာနေအိမ်များအား မြတ်ပညာ ပရဟိတအဖွဲ့မှ ပိုးသတ်ဆေးဖြန်းခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အရာတော်မြို့ တွင် မေလ ၂၇ ရက်နေ့မှ ယနေ့အထိ ကိုဗစ်-၁၉ရောဂါပိုးတွေ့လူနာ(၈၈၅) ဦးရှိပြီး ကျန်းမာရေး ပြန်လည်ကောင်းမွန်လာသူ (၈၄၂)ဦး၊ ကုသဆဲလူနာ(၁၇)ဦး၊ သေဆုံးလူနာ (၂၅)ဦးရှိကြောင်း မြို့နယ်ကျန်းမာရေးဌာနမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)