အမြို့မြို့အနယ်နယ်သတင်းများ

Sep 13,2021
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံခဲ့သူများကို အမှတ်(၃)၊ အခြေခံပညာ အထက်တန်းကျောင်းရှိ စန္ဒကူးခန်းမတွင် သတ်မှတ်ပေးထားသည့် နေ့ရက်များအလိုက် ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယမန်နေ့အထိ ကာကွယ်ဆေး လာရောက်ထိုးနှံပြီးသူ ၄၉၆၈ ဦးရှိပြီဖြစ်ပြီး ကျန်ရှိနေသူများအား အဆိုပါခန်းမတွင် ဆက် လက်ထိုးနှံပေး လျက်ရှိသည်။
Sep 13,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကွင်းဆက်ပြတ်တောက်ပြီး ကူးစက်မှုကိုထိထိရောက်ရောက်ကာကွယ်နိုင်ရန် ရည်ရွယ်၍ မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ စီစဉ်မှုဖြင့် သံဃာတော် ၂၅ပါးနှင့်အထက် စာသင်တိုက်/ကျောင်းတိုက်များတွင် သီတင်းသုံးလျက်ရှိသည့် ရဟန်းများ၊ သာမဏေများနှင့် သီလရှင်များအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ RDT Test Kit ဖြင့် အခမဲ့စစ်ဆေးဆောင်ရွက်‌ပေးလျက်ရှိရာ ယနေ့နံနက် (၇)နာရီအချိန်ခန့်တွင် နမ္မတူမြို့နယ်၊ ဆိုက်ခေါင်ကျေးရွာရှိ တုန်ဟုန်းခမ်းကျောင်းတိုက်နှင့် ပန်ဟိုက်ရပ်ကွက် (၅)ရှိ ‌ မြို့လယ်ကျောင်းတိုက် တို့၌ ဆောင်ရွက်ခဲ့သည်။
Sep 13,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ် စေတနာမွန်လူမှုကူညီရေးအသင်းသို့ တောင်ရပ် ကွက်နေ ဒေါ်သန်းသန်းအေး မိသားစုမှ အလှူငွေကျပ်(၈၀)သိန်းနှင့် ကျန်းမာရေးသုံး ပစ္စည်းများကို ယမန်နေ့က လှူဒါန်းခဲ့ကြောင်း စေတနာမွန်လူမှုကူညီရေးအသင်းထံမှ သိရသည်။
Sep 13,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်တွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိသူများ ကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ငဖဲမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ကျင်းပသည်။
Sep 13,2021
 တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့တွင် အသက်(၆၅)နှစ်နှင့် အထက် အဘိုး အဘွားများနှင့် ဦးစားပေးအဆင့်လိုက်ပြည်သူများအား စက်တင်ဘာလ(၁၃)ရက်နေ့၊ နံနက်ပိုင်း ကပလောက်မြို့၊အ‌ထွေထွေ အုပ်ချုပ်‌ရေးဦးစီးဌာနရုံး၊‌ ရွှေသီလာရတနာခန်းမတွင် ဒုတိယ အကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ကို ဆက် လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Sep 13,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့တွင် မြန်မာမွတ်စ်လင်မ်လူမှုကူညီရေးအသင်းမှ ကိုဗစ်-၁၉ ကာလ အခြေခံ လူတန်းစာများ စားဝတ်နေရေးပြေလည်စေရေးအတွက် ပထမအကြိမ် စုပေါင်းဆန် လှူဒါန်းပွဲကို ယနေ့ နံနက် ၈ နာရီမှစ တင်၍ ဗိုလ်ချုပ်လမ်းမရှိ ဂျာမေဗလီကြီးတွင် လှူဒါန်းလျက်ရှိကြောင်းသိရသည်။
Sep 13,2021
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် တိုင်းဒေသကြီး ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ လူထုအခြေပြု ဗဟိုဌာန (Community Centre)တွင် ယနေ့နံနက်(၁၀)နာရီက စက်တင်ဘာလ(၁၆)ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေး နေ့အထိမ်းအမှတ် အိုဇုန်းလွှာထိန်းသိမ်းရေးဆိုင်ရာ သိကောင်းစရာအသိပညာပေး TalkShowကို ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။