အမြို့မြို့အနယ်နယ်သတင်းများ

Sep 14,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊​ မြောင်းမြမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများမှ အသက် (၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ပေး​ခြင်းကို စက်တင်ဘာလ၁၁ရက်နေ့ မှစ၍ ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။
Sep 14,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ်တွင် ပန်းခင်းစီမံချက်နှင့် စာရင်းကောက်ပုံစံများ ရှင်းလင်းခြင်းကို ယနေ့နေ့လယ် (၁:၀၀)နာရီအချိန်တွင် အမှတ်(၁)ရပ်ကွက် ရေနံဓမ္မာရုံ၌ လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဗိုလ်တထောင်မြို့နယ် ဦးစီးမှူး ဦးအောင်တင်ရွှေက အသိပေး ရှင်းလင်းမည်ဖြစ်ကြောင်း သိရသည်။
Sep 14,2021
နဝမအကြိမ်မြောက် မြန်မာနိုင်ငံလူကုန်ကူးမှု တိုက်ဖျက်ရေးနေ့အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့၊ အောင်သပြေရပ်ကွက်ရှိ သာသနာ့ဇောတိက ဘုန်းကြီးကျောင်း၌ စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခြင်းကို စက်တင်ဘာ(၁၂)ရက်နေ့ နံနက်(၉)နာရီက ဆောင်ရွက်ခဲ့သည်။
Sep 14,2021
တနင်္သာရီတိုင်းဒေသကြီး ၊ကော့သောင်းခရိုင် ၊ဘုတ်ပြင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့သူလျော့ကျသွားစေရး အသိပေးနှိုးဆော်ခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာန ဝန်ထမ်း များသည် ယမန်နေ့ညပိုင်းက အသံချဲ့စက်ဖြင့် အသိပေး ကြေညာခဲ့သည်။
Sep 14,2021
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်း ရောဂါဆက်လက် ပြန့်ပွားမှုမရှိစေရေးနှင့် ပိုမိုထိန်းချုပ်ကင်းစင်ပပျောက်နိုင်ရေးအတွက် အသက် ၆၅ နှစ်အထက်နှင့် ပြည်သူများ အားလုံးကို COVID-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပြီးပြည်သူများအား ဒုတိယအကြိမ်အဖြစ် ကာကွယ်ဆေးကိုထိုးနှံပေးလျက်ရှိရာ စက်တင်ဘာလ ၁၃ရက်နေ့အထိ ထိုးနှံပြီးသူပေါင်း ၁၁၁၃ ဦး ရှိပြီဖြစ်ကြောင်းသိရသည်။
Sep 14,2021
လပွတ္တာခရိုင် ၊ မော်လမြိုင်ကျွန်းမြို့နယ်ကွမ်းချောင်း ကျေးရွာအတွင်းရှိ အခြေခံလူတန်းစား အိမ်ထောင်စုများနှင့် စားသောက်ရေးအခက်အခဲ ရှိသော အိမ်ထောင်စု စုစုပေါင်း အိမ်ခြေ (၁၅၀) အတွက် ဆန်နှင့်စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့လှူဒါန်းခြင်းကို ယနေ့ နံနက် (၁၁)နာရီ အချိန်ကဆောင်ရွက်ကြောင်း သိရှိရသည်။
Sep 14,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ မင်းဘူး(စကု) မြို့နယ်အတွင်းရှိ လေဘေးသင့် အိမ်ထောင်စုများနှင့် ကမ်းပြိုဘေးသင့် အိမ်ထောင်စုများ အတွက် အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေများကို ယမန်နေ့ ညနေပိုင်းက အဆိုပါ ဦးစီးဌာနရုံး၌ ပေးအပ်ခဲ့ကြောင်း သိရသည်။
Sep 14,2021
မြေပဲကို မြေပဲဆံနှင့် မြေပဲဆီ နှစ်မျိုးစလုံး စားသုံးမှုများသဖြင့် ပြည်တွင်းစားသုံးမှုတွင် အရေးပါသော ကဏ္ဍမှ ပါဝင်သည်။ မြေပဲတစ်ဧကလျှင် ဆီပိဿာချိန် ၁၀၀ ကျော်ထွက်ရှိသဖြင့် ဆီထွက်သီးနှံများ စုစုပေါင်း စိုက်ဧက၏ ၃၀ ရာခိုင်နှုန်းခန့် စိုက်ပျိုးကြကြောင်း သိရသည်။