Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
အင်းစိန်မြို့နယ်၌ သန့်ရှင်းသာယာလှပစေရေးနှင့် ရေမြောင်းအား ရေစီးရေလာကောင်းမွန်ရေးဆောင်ရွက်
Sep 14,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ သန့်ရှင်းသာယာလှပစေရန်၊ မိုးရာသီကာလတွင် ဖြစ်ပေါ်လေ့ရှိသော ရေကြီးရေလျှံမှု မဖြစ်ပေါ်စေရန်၊ ရေစီးရေလာကောင်းမွန်စေရန်နှင့် ရေမြောင်းများ ပိတ်ဆို့မှုကြောင့် ခြင်များပေါက်ဖွားမှု မရှိစေရန် ရည်ရွယ်၍ သန့်ရှင်းသာယာလှပစေရေးနှင့် ရေမြောင်းအား ရေစီးရေလာကောင်းမွန်ရေးအတွက် ရေမြောင်းရှိ အမှိုက်များ ရှင်းလင်းခြင်းကို ယနေ့ နံနက်(၇)နာရီအချိန် က မြို့သစ်(က+ခ)ရပ်ကွက်၊ ဘုရင့်နောင်လမ်းတွင် ရှင်းလင်းခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဝန်းသိုမြို့၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး
Sep 14,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ် ဦးအောင်မြတ်ခန်းမတွင် ဆရာ တော်၊ သံဃာတော်များ၊ သီလရှင်များ၊ အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ၊ ဝန်ထမ်း မိသားစုများ၊ ဈေးသူဈေးသားများ၊ လူမှုကူညီရေးအသင်းများနှင့် ပုဂ္ဂလိကစက်ရုံအလုပ်ရုံများမှ ဝန်ထမ်းများအား ယနေ့ နံနက် ၉ နာရီအချိန်မှစတင်၍ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဒုတိယ အကြိမ် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မော်လမြိုင်၌ ကိုဗစ်-၁၉ကာလ တောင်သူများ မိုးရာသီစိုက်ပျိုးစရိတ် ဘဏ်ချေးငွေ ဆက်လက်ထုတ်ချေး
Sep 14,2021
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်တွင် တောင်သူများအား ကိုဗစ်-၁၉ရောဂါ ဖြစ်ပေါ်နေ သည့်ကာလအတွင်း စီးပွားရေး ကုစားမှုအနေဖြင့် အခက်အခဲများ အဆင်ပြေစေရန်ရည်ရွယ်၍ ၂၀၂၁ခုနှစ်အတွက် မိုးရာသီစိုက်ပျိုးစရိတ် ဘဏ်ချေးငွေများကို ထုတ်ချေးပေးလျက်ရှိရာ မွန်ပြည်နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ခွင့်ပြုရန်ပုံငွေကျပ် (၉၂၃၅.၀၀) သိန်းကို ဆက်လက် ထုတ်ချေးပေးမည်ဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျိုက်လတ်မြို့နယ်တွင် ကိုဗစ်ကာလအတွင်း ပြည်သူများ အဆင်ပြေစေရေးအတွက် ဆန်များ ရောင်းချပေးလျက်ရှိ
Sep 14,2021
ဧရာဝတီတိုင်းဒေကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ကိုဗစ်ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း ပြည်သူများ အဆင်ပြေစေရေးအတွက် ယမန်နေ့က မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနရုံးတွင် ဆန်များကို ဈေးနှုန်းချိုသာစွာ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သိမ်ဇရပ်မြို့ရှိ ရဟန်း၊သံဃာများအား ကိုဗစ်ရောဂါပိုး ရှိ/မရှိ Test Kit ဖြင့် စစ်ဆေးပေး
Sep 14,2021
ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့ရှိ ကျောင်းတိုက်အသီးသီးတွင် သီတင်းသုံးနေထိုင်တော်မူသော ရဟန်း၊သံဃာ၊ သီလရှင်များအား ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိနှင့် ရောဂါကူးစက်မှု လျော့နည်းစေရေးအတွက် Test Kit ဖြင့် စစ်ဆေးပေးခြင်းကို ယနေ့ နံနက်(၉)နာရီက သိမ်ဇရပ်မြို့ သစ်ဆင်ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သာယာဝတီမြို့တွင် ပန်းခင်းစီမံချက် အသိပညာပေးမြေစိုက် ပိုစတာစိုက်ထူ
Sep 14,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် လူဝင်မူကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနမှ ပြည်သူအားလုံး အိမ်ထောင်စုလူဦးရေစာရင်းနှင့် ဥပဒေအရ ကိုင်ဆောင်သင့် သော ကတ်တစ်မျိုးမျိုး ရရှိကိုင်ဆောင်နိုင်ရေး "ပန်းခင်း" စီမံချက် အသိပညာပေး မြေစိုက်ပိုစတာ စိုက်ထူခြင်းကို ယနေ့ နံနက် ၁၀ နာရီက သာယာဝတီမြို့နယ် ရန်ကုန်-ပြည်ကားလမ်းဘေးရှိ မြန်မာ့ စီးပွားရေးဘဏ်ရှေ့နှင့် ခရိုင်ပြည်သူ့ဆေးရုံကြီး ထောင့်လမ်းဆုံ၌ စိုက်ထူခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ငါန်းဇွန်မြို့နယ်တွင် အုပ်စုအလိုက် ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Sep 14,2021
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် ဦးစားပေး အုပ်စုအလိုက် ဩဂုတ် (၃၀)ရက်နေ့မှစ၍ နေ့စဉ် နံနက်၉နာရီမှ ၁၁နာရီအချိန်အထိ မြို့နယ်အတွင်းရှိ ဇုံနယ်မြေအလိုက် သတ်မှတ်နေရာများ၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နွားထိုးကြီးမြို့နယ်တွင် အသက် ၆၅ နှစ်အထက် သက်ကြီးရွယ်အိုများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံ
Sep 14,2021
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန် အတွက် အသက် ၆၅ နှစ်အထက် သက်ကြီးရွယ်အိုများအား ယနေ့နံနက် ၉ နာရီခွဲ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် မြို့မဇုံအတွင်းရှိ ရပ်ကွက်(၈) ရပ်ကွက်နှင့် ကျေးရွာများအတွင်းရှိ သက်ကြီးရွယ်အိုများ (၁၀၈၆) ဦးကို စတင်ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25540
Page
25541
Page
25542
Page
25543
Current page
25544
Page
25545
Page
25546
Page
25547
Page
25548
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department