နမ့်ဆန်၌ COVID-19 ကိုရိုနာဗိုင်းရပ်စ် အဆုတ်ရောင်ရောဂါ ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်

နမ့်ဆန်   မတ်   ၃

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့မှူး ဦးခင်မောင်နှင့် ကြက်ခြေနီစေတနာလုပ်အားရှင် တပ်ဖွဲ့ဝင်များက COVID-19 ကိုရိုနာဗိုင်းရပ်စ် အဆုတ်ရောင် ရောဂါ ကာကွယ်ရေးလုပ်ငန်းများ ဟောပြောခြင်းနှင့် လက်ကမ်း စာစောင်ဝေငှခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက ဘုရားကြီးကျေးရွာအုပ်စု၊ ဘုရားကြီးကျေးရွာ ဓမ္မာရုံတွင် ပြုလုပ်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် တရုတ်နိုင်ငံ ဝူဟန်မြို့မှ စတင်ဖြစ်ပွားသည့် COVID-19 ကိုရိုနာ ဗိုင်းရပ်စ် အဆုတ်ရောင်ရောဂါသည် ယခုအခါတွင် ကမ္ဘာ့နိုင်ငံအသီးသီးသို့ ကူးစက်ပျံ့နှံ့နေပြီး အဆိုပါ ရောဂါသည် လူသားများ အသက်အန္တရာယ် ခြိမ်းခြောက်နေသည့်အတွက် နမ့်ဆန်မြို့နယ်အတွင်းရှိ ကျေးရွာလူထုများမှလည်း ရောဂါကြိုတင်ကာကွယ်နိုင်ရေး မြို့နယ်ကြက်ခြေနီသူနာပြု တပ်ဖွဲ့ဝင်များက ကွင်းဆင်း၍ အသိပညာဟောပြောခြင်း၊ ကျေးရွာအတွင်းရှိ လူထုများအား အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ ပိုစတာများ နေအိမ်များတွင် ကပ်ထားခြင်းကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အောင်မိုး (နမ့်ဆန် ပြန်/ဆက်)