အမြို့မြို့အနယ်နယ်သတင်းများ

Sep 16,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်အတွင်းရှိ ဦးစားပေး အစီအစဉ်တွင် ပါဝင်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉နာရီခန့်က မြကန်သာရပ်ကွက်အတွင်းရှိ မြို့နယ်ခန်းမ၌ ဆက်လက်ထိုးနှံပေးသည်။
Sep 16,2021
၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ ဒုတိယ(၃)လပတ်(ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်)လအတွက် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးရွယ်အို ဘိုးဘွားများအား ထောက်ပံ့ငွေများကို ယနေ့ နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ထီးလင်းမြို့၌ အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
Sep 16,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ၊ စဉ့်ကိုင်မြို့နယ်  မြတ်မင်းကြက်မွေးမြူရေးခြံနှင့်   EABC အချိုရည်စက်ရုံ မှ   ၀န်ထမ်းများအား  ကိုဗစ်  -  ၁၉  ရောဂါ ကာကွယ်ဆေး  ဒုတိယအကြိမ်   ထိုးနှံပေးခြင်းကို ယနေ့နံနက် (၉) နာရီက  အဆိုပါ စက်ရုံ၀န်းအတွင်းရှိ ခန်းမဆောင်တွင် ထိုးနှံပေးခဲ့ကြောင်း သိရသည်။ 
Sep 16,2021
မိတ္ထီလာမြို့နယ်အတွင်း ရပ်ကွက်နှင့်ကျေးရွာများတွင် နေထိုင်သည့် ကိုဗစ်-၁၉ ရောဂါပိုးရှိသည်ဟု သံသယရှိသူများအား ယမန်နေ့က စစ်ဆေးခဲ့ရာ   ကိုဗစ်-၁၉ ပိုးတွေ့လူနာသစ် ၂၃ ဦး စစ်ဆေးတွေ့ရှိခဲ့ ကြောင်း  သိရသည်။
Sep 16,2021
နိုင်ငံတော်အစိုးရအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ခြင်းလုပ်ငန်းများကို အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့နယ်တွင်  ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံထားခြင်းမရှိသည့် ပြည်သူများအား ဒုတိယအသုတ် ပထမအကြိမ်အဖြစ် ကာကွယ်ဆေးထိုးနှံရေး ယနေ့နံနက် ၉ နာရီက ထိုးနှံပေးခဲ့သည်။
Sep 16,2021
ဧရာဝတီတိုင်းဒေသကြီး ၊ ဟင်္သာတခရိုင် ၊ ဇလွန်မြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း ဇလွန်မြို့ပေါ် ( ၅ )ရပ်ကွက်အတွင်းရှိ သက်ကြီးဘိုးဘွားများနှင့်ကိုယ်ဝန်ဆောင်မိခင်များအား မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့်မြို့​နယ်အမျိုးသမီးရေးရာအဖွဲ့တို့မှ ယနေ့ နံနက် ၉ နာရီအချိန်ခန့်တွင်ဆန်နှစ်ပြည်နှင့်ကြက်သွန်တစ်ပိဿာ ကိုလှူဒါန်းခဲ့ကြသည်။
Sep 16,2021
ရှမ်းပြည်နယ်၊ အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်တွင်း သံဃာတော်များနှင့် ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါပိုးရှိမရှိ (RDT)Test Kit ဖြင့် အခမဲ့စစ်ဆေးပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှိုင်းမောင်မောင် ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ တပ်မတော်သား ဆရာဝန်များနှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ စက်တင်ဘာ ၁၅ ရက်က ပန်ကြူကျေးရွာ အမက ကျောင်းနှင့် ဝမ်နွဲ့ကျေးရွာ ဘုန်းတော်ကြီးကျောင်းများ၌ သွားရောက်စစ်ဆေးပေးခဲ့ကြောင်းသိရသည်။