ဝေါ စက်တင်ဘာ ၂၀
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် ယမန်နေ့အထိ မြို့နယ်ကျန်းမာရေးဦးစီးဌာန၏ Test Kit (RDT) ဖြင့် ဝေါမြို့နယ် ကျန်းမာရေး ဦးစီးဌာနရှိ ကျန်းမာရေး ဝန်ထမ်းများမှ အဖွဲ့များခွဲ၍ အနံ့ပျောက်သံသယရှိသူ လူနာ (၂၀၄) ဦးအား Test Kit (RDT) ဖြင့် စစ်ဆေးခဲ့ရာ ကိုဗစ်- ၁၉ရောဂါ ပိုးတွေ့လူနာမရှိခဲ့ကြောင်း သိရသည်။
ယနေ့ ကိုဗစ်ရောဂါဖြင့် သေဆုံးသူ(၁)ဦးမှာ အမျိုးသားတစ်ဦး အသက်(၆၅) နှစ် ဝေါမြို့နယ် ဆင်ရွာ ကျေးရွာမှ ယနေ့ ၁၂:၃၀ နာရီ အချိန်ခန့်တွင် သေဆုံးသွားခဲ့သဖြင့် သေဆုံးသူ၏ Dead Body ကို ဝေါမြို့ နာရေးကူညီမှု လူမှုကူညီရေးအသင်းမှ ကိုဗစ်-၁၉ ရောဂါ ညွှန်ကြားချက်များနှင့်အညီ ဝေါမြို့သုဿာန်တွင် နေ့ချင်း မီးသင်္ဂြိုလ်ခဲ့ကြောင်း သိရသည်။
ဝေါမြို့နယ်တွင် ယမန်နေ့အထိ ပိုးတွေ့လူနာပေါင်း (၁၆၂၉)ဦး၊ သေဆုံးသူ(၁၁၀) ဦး ရှိပြီဖြစ်ပြီး၊ ရောဂါသက်သာပျောက်ကင်း၍ ဆေးရုံမှ ဆင်းသူ (၁၄၉၁) ဦး၊ အခြားမြို့နယ် ပြောင်းရွှေ့ (၃) ဦး၊ Positive လူနာများထားရှိမှု ဆေးရုံဟောင်း (၈)ဦး၊ မြစ်ကျိုးဆေးရုံ (၇)ဦး၊ သူရဲသမိန် (၅)ဦး၊ အထက (၅) ဦး လက်ရှိဆေးကုသခံယူနေသူ (၂၅) ဦးရှိကြောင်း ဝေါမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။
အောင်မြတ်လင်း