ဝေါ စက်တင်ဘာ ၂၁
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအား ဦးတည်အုပ်စုများ အလိုက် မိဘပြည်သူများအား စတင်ထိုးနှံပေးခြင်းကို ယနေ့နံနက် ၈ နာရီက ဝေါမြို့နယ်ခန်းမတွင် ထိုးနှံပေးခဲ့သည် ။
ကာကွယ်ဆေးထိုးနှံခြင်းကို ဝေါမြို့ပေါ် (၆) ရပ်ကွက်မှ အသက် ၅၀ နှစ်နှင့်အထက် မိဘပြည်သူများ ၊ မသန်စွမ်းသူများ၊ နာတာရှည်နှင့် မကူးစက်နိုင်သော ရောဂါရှိသူများ၊ ယခင်ကာကွယ်ဆေး ထိုးနှံပေးရာတွင် အကြောင်းအမျိုးမျိုးကြောင့် ဆေးထိုးနှံရန် ကျန်ရှိနေသော နိုင်ငံ့ဝန်ထမ်းများအား စာရင်းကောက်ယူ၍ စနစ်တကျ မှတ်တမ်းရေးသွင်းခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းတို့ကို ဝေါမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆရာဝန်များနှင့် ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm ကို ပထမပထမအကြိမ် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ပထမအကြိမ် ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက်မှစ၍ ထိုးနှံပေးလျက်ရှိပြီး ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပြီးသူများ အနေဖြင့် ၂၀၂၁ ခုနှစ် အောက်တိုဘာ (၁၉ )ရက်နေ့တွင် ဒုတိယအကြိမ် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
အောင်မြတ်လင်း