ရန်ကုန်အနောက်ပိုင်းခရိုင်(ဗဟန်း) လူထုအခြေပြုဗဟိုဌာနတွင် ရသစုံလင်စာဥယျာဉ် စာအုပ်မိတ်ဆက်ပွဲ ကျင်းပ

ဗဟန်း နိုဝင်ဘာ ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်(ဗဟန်း) လူထု‌အခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာရေးဆရာမောင်သွေးသစ်၊ စာရေးဆရာဟိန်းလတ်၊ စာရေးဆရာအောင်သျှန်ဝိုင်း(ကျိုက်မရော)၊ စာရေးဆရာဆောင်းဝင်းလတ်၊ စာရေးဆရာနေခြည်နု(ရေနံချောင်း)၊ ကောင်းကျော်(စီးပွားရေးတက္ကသိုလ်) ရေးသားထားသော ကဗျာ၊ ဝတ္ထုတို၊ ဝတ္ထုရှည်များနှင့် ကာတွန်းဝင်းအောင်နှင့်ကိုရွှေထူး(ပြည်) တို့ရေးဆွဲထားသောကာတွန်းများ ပါဝင်သော ရသစုံလင် စာဥယျာဉ် စာအုပ်မိတ်ဆက်ပွဲအခမ်းအနားကို ယနေ့နံနက် (၁၀) နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ စာအုပ်မိတ်ဆက်ပွဲအခမ်းအနားတွင် စာရေးဆရာ မောင်သွေးသစ်၊ စာရေးဆရာဟိန်းလတ်၊ စာရေးဆရာ ဆောင်းဝင်းလတ်နှင့် စာရေးဆရာအောင်ဇင်မင်းတို့က မုဒိတာစကားများ အသီးသီး ပြောကြားခဲ့သည်။

ဆက်လက်၍ စာရေးဆရာအောင်သျှန်ဝိုင်း (ကျိုက်မရော) က ယခုစာအုပ်သည် ချို့တဲ့နာမကျန်းသောစာပေသမားများ ကျန်းမာရေးစရိတ်ရန်ပုံငွေအတွက် ထောက်ပံ့နိုင်ရန် ရည်ရွယ်ပြီး ထုတ်ဝေခဲ့ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ရန်ကုန်အနောက်ပိုင်းခရိုင်ရုံးမှ ဒုတိယဦးစီးမှူး ဒေါ်သင်းသင်းစိုးက ကျေးဇူးတင်စကားပြောကြားခဲ့သည်။

ထို့နောက် စာအုပ်မိတ်ဆက်ပွဲအခမ်းအနားသို့ တက်ရောက်လာကြသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရန်ကုန်အနောက်ပိုင်းခရိုင် (ဗဟန်း) မှ ခင်းကျင်းပြသထားသော သုတ၊ ရသစာအုပ် စာစောင်များအား စိတ်ပါဝင်စားစွာကြည့်ရှုခဲ့ကြောင်း သိရသည်။

သင်းသင်းစိုး(ပြန်/ဆက်)