လွိုင်လင် နိုဝင်ဘာ ၂၂
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်များ၏မဲစာရင်းများကို (ဒုတိယ)အကြိမ်အဖြစ် ယမန်နေ့နံနက်ပိုင်းမှစ၍ လွိုင်လင်မြို့နယ် သက်ဆိုင်ရာရပ်ကွက်ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲနှင့် ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများတွင် ကပ်ထားကြေညာထားကြောင်း သိရသည်။
ထိုသို့ မဲစာရင်း(ဒုတိယ)အကြိမ် ကပ်ထားကြေညာရာသို့ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်/ မြို့နယ်/ ပ်ကွက်ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များက ယမန်နေ့ညနေ (၃) နာရီတွင် ကွင်းဆင်းကြည့်ရှု စစ်ဆေးပြီး၊ မိမိတို့၏အမည်စာရင်း ပါ/မပါကို လာရောက်ကြည့်ရှုကြသည့် ပြည်သူများနှင့် တွေ့ဆုံကာ မေးမြန်းဆွေးနွေးပြီးလိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။ လွိုင်လင်မြို့နယ်တွင် မဲပေးပိုင်ခွင့်ရှိသူ ၇၇၈၈၅ ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။
ခရိုင်(ပြန်/ဆက်)