ဟင်္သာတ နိုဝင်ဘာ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်ရှိ အစိုးရနည်းပညာ အထက်တန်းကျောင်း အစည်းဝေးခန်းမတွင် ယနေ့နံနက် ၉ နာရီက E-Government အထောက်အကူပြု အခြေခံကွန်ပျူတာသင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပခဲ့သည်။
အခမ်းအနားတွင် ဟင်္သာတခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှိုင်ထွန်းက သင်တန်းဆင်းအမှာစကား ပြောကြားခဲ့သည်။ ထို့နောက် အစိုးရနည်းပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဦးမင်းမင်းဦးက သင်တန်းတွင် သင်ကြားပေးခဲ့သော ဘာသာရပ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး သင်တန်းသား၊ သင်တန်းသူများကိုယ်စား ခရိုင်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူးဆရာကြီး ဦးသက်ဆွေက ကျေးဇူးတင်စကား ပြန်လည်ပြောကြား ခဲ့ပြီးနောက် ခရိုင်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက သင်တန်းဆင်းလက်မှတ်များ အသီးသီးပေးအပ်ခဲ့ကြသည်။
အဆိုပါသင်တန်းဆင်းပွဲသို့ ဟင်္သာတခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှိုင်ထွန်းနှင့်တာဝန်ရှိသူများ၊ အစိုးရနည်းပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဦးမင်းမင်းဦးနှင့်ဆရာ၊ ဆရာမများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြပြီး E-Government အထောက်အကူပြု အခြေခံကွန်ပျူတာသင်တန်းကို တစ်လကြာ ဖွင့်လှစ်ပို့ချပေးခဲ့ပြီး မြို့နယ်အတွင်းရှိ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ သင်တန်းသား ၂၀ ဦးတက်ရောက်ခဲ့ကြကြောင်းသိရသည်။
ခရိုင်ပြန်/ဆက်(ဟင်္သာတ)