သထုံမြို့နယ်၌ မိုးစပါးစံကွက်ရိတ်သိမ်းခြင်း ကွင်းသရုပ်ပြပွဲကျင်းပ

သထုံ နိုဝင်ဘာ ၂၂

မွန်ပြည်နယ်၊ သထုံမြို့နယ်၏ ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးစံကွက်ရိတ်သိမ်းခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့နံနက်က သထုံမြို့နယ်၊ မြေနီကုန်းကျေးရွာရှိ ကွင်းအမှတ် (၆၄၆) ဦးပိုင်အမှတ် ၆/၁ တောင်သူ ဦးသာဆန်း၏ ပေါ်ဆန်းရင်စပါးစံပြစိုက်ခင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မိုးစပါးစံကွက်ရိတ်သိမ်းနေမှုအား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မိုးစိုးနှင့်အဖွဲ့ဝင်များ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တောင်သူတို့က ကြည့်ရှုအားပေးကြရာမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးစောခင်ကျော်မြင့်က သထုံမြို့နယ်အတွင်း မိုးစပါးများစိုက်ပျိုးမှု၊ ရိတ်သိမ်းမှုအခြေအနေနှင့် တောင်သူများထံနည်းပညာဖြန့်ဖြူးပေးနေမှု တို့ကို ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါစံကွက်ရိတ်သိမ်းရာတွင် ပေါ်ဆန်းရင်စပါးမျိုး စံပြကွက်အား ရိတ်သိမ်းခဲ့ကြရာ တစ်ဧကလျှင် စပါးအစို ၇၀.၂၆ တင်းနှုန်းနှင့် အခြောက် ၆၇ တင်းနှုန်းထွက်ရှိခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)