မူဆယ်မြို့၌ မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ် ကပ်ထားကြေညာမှုကို ပြည်သူများ လာရောက်ကြည့်ရှု

မူဆယ်   နိုဝင်ဘာ ၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်တွင် စတင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ၌ မဲပေးနိုင်ရန်အတွက် မဲဆန္ဒရှင်စာရင်းများကို ဒုတိယအကြိမ်ကပ်ထားကြေညာခြင်းကို ယမန်နေ့နံနက်ပိုင်းမှစ၍ ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံးများရှိ ကြော်ငြာဘုတ်များတွင် ကြေညာထားကြောင်းသိရသည်။

 မဲဆန္ဒရှင်စာရင်းများဒုတိယအကြိမ်ကို နိုဝင်ဘာလ ၂၁ ရက်မှ နိုဝင်ဘာလ ၂၄ ရက်နေ့အထိ ၄ ရက်ကြာကပ်ထားကြေညာမည်ဖြစ်ပြီး မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာစဉ် မဲဆန္ဒရှင်များက မဲစာရင်းများကို လာရောက်ကြည့်ရှုမှသာ ပြည့်စုံမှန်ကန်သော မဲစာရင်းရရှိနိုင်မည်ဖြစ်ကြောင်း၊ မဲဆန္ဒရှင်များအနေဖြင့် မဲစာရင်းကိုလာရောက်ကြည့်ရှုပြီး မိမိအမည် မဲစာရင်းတွင် မပါဝင်ပါက ပုံစံ(၃)ဖြင့် မဲစာရင်းတွင် အမည်ထည့်သွင်းပေးရန် တောင်းဆိုခြင်း၊ မဲစာရင်းပါအချက်အလက်များ မှားယွင်းနေပါက ပုံစံ(၄)ဖြင့် ပြင်ဆင်လွှာတင်သွင်းခြင်းတို့ကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လိုအပ်သောပုံစံများကိုလည်း ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲများတွင် အခမဲ့ထုတ်ယူနိုင်ကြောင်း၊ မဲဆန္ဒရှင်များ အနေဖြင့် လိုအပ်သောတောင်းဆိုမှု၊ ပြင်ဆင်မှု၊ ကန့်ကွက်မှုများ ထပ်မံဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ် ကပ်ထားကြေညာထားသောနေရာများသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲများမှ တာဝန်ရှိသူများက လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်းနှင့် မဲရုံအသီးသီးတွင် ပြည်သူများမှလည်း မိမိတို့အမည် မဲစာရင်းတွင် ပါ၊ မပါ စိတ်ဝင်တစား လာရောက်ကြည့်ရှုကြကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်