ကံမမြို့နယ်အတွင်း မဲရုံအဖြစ် ဆောင်ရွက်မည့်နေရာများအား မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး

ကံမ နိုဝင်ဘာ၂

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် မဲရုံအဖြစ်ဆောင်ရွက်မည့်နေရာများအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မီးသတ်ဦးစီးဌာနမှ ယ​နေ့နံနက်() နာရီက ကွင်းဆင်းစစ်ဆေး​ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှုး၏ အနီးကပ်လမ်းညွှန်မှုဖြင့် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိရာ ကံမမြို့နယ်အတွင်း ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပပြုလုပ်မည့် မဲရုံများ မီးဘေး လုံခြုံရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးဝေယံဖြိုးနှင့် တပ်ဖွဲ့ဝင်များသည် မီးဘေးလုံခြုံရေးစစ်ဆေး ဆောင်ရွက်ခဲ့ပြီးလိုအပ်သော မီးဘေးလုံခြုံရေးဆိုင်ရာကိစ္စရပ်များအား စစ်ဆေးအကြံပြု ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ကျော်ဇေယျဝင်း(ကံမ)