အမြို့မြို့အနယ်နယ်သတင်းများ

Nov 24,2025
နည်းပညာတက္ကသိုလ်(ကျောက်ဆည်)၊ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ဘွဲ့ကြို(ပထမနှစ်) တက်ရောက်လာသည့် မောင်မယ်သစ်လွင် ကျောင်းသား(၂၂၅)ဦးနှင့် ကျောင်းသူ(၁၅၈)ဦး စုစုပေါင်း (၃၈၃)ဦးတို့ကို ပါမောက္ခချုပ်(တာဝန်)နှင့်ဒုတိယပါမောက္ခချုပ်၊ ပညာရေးနှင့်စီမံခန့်ခွဲရေးအဖွဲ့ဝင်များမှ ဦးဆောင်ပြီး နိုဝင်ဘာ ၂၄ ရက် နံနက်(၈)နာရီခွဲက D1,D2 စာသင်ခန်းများတွင် လှိုက်လှဲနွေးထွေးစွာကြိုဆိုခဲ့ကြောင်း သိရသည်။
Nov 24,2025
မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံခရိုင် ပုသိမ်ကြီးမြို့နယ် အောင်ချမ်းသာကျေးရွာအနီးရှိ နည်းပညာတက္ကသိုလ်(မန္တလေး)၌ နိုဝင်ဘာ ၂၄ ရက် မှစတင်ကာ ကျောင်းဖွင့်လှစ်သင်ကြား ပေးလျက်ရှိသည်။
Nov 24,2025
ရှမ်းပြည်နယ်၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်အတွင်း ကျေးရွာဒေသများဖွံ့ဖြိုးတိုးတက်ရေး နယ်မြေကွင်းဆင်းခြင်းကို ဌာနဆိုင်ရာတာဝန်ရှိသူများမှ နိုဝင်ဘာ ၂၂ ရက်နေ့က မက်မန်းမြို့နယ် ဆွတ်ဝိုးကျေးရွာအုပ်စု၊ ပန်ကောက်ကျေးရွာ ဘုန်းကြီးကျောင်းသို့ နယ်မြေကွင်းဆင်း၍ ဒေသခံပြည်သူများနှင့်တွေ့ဆုံဆွေးနွေးခဲ့သည်။
Nov 24,2025
ကျောင်းသား၊ ကျောင်းသူများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ်(၅)သရက်ပင် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတို့ ပူးပေါင်းကျင်းပသော စွမ်းရည်မြှင့်တင်ပြိုင်ပွဲများကို ချမ်းအေးသာစံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ယနေ့မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။
Nov 24,2025
တနင်္သာရီတိုင်းဒေသကြီးဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၅ /၂၀၂၅ ) ကို ယနေ့ နံနက် ၁၀  နာရီ က ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။
Nov 24,2025
ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်း ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်အမည်စာရင်းများ ပါမပါ သိရှိစေရေးဒုတိအကြိမ်  မဲဆန္ဒရှင်စာရင်းမျာ ကြေညာထားလျက်ရှိရာ နိုဝင်ဘာ ၂၄ ရက် နံနက်ပိုင်းက မဲဆန္ဒရှင်ပြည်သူများ ကြည့်ရှုကြကြောင်း သိရသည်။
Nov 24,2025
၂၀၂၅ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက်  ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့၊ ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနရုံးဘေး မြေစိုက်နံရံကပ်ပြဘုတ်တွင် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်ပြသခြင်းကို ယနေ့ နံနက် ၁၁ နာရီခန့်က ပြသခဲ့ကြောင်း သိရသည်။