Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ကရင်သက္ကရာဇ် ၂၇၆၄ ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အထက်ပိုင်ကျုံကွန်ကရစ်လမ်းသစ်ဖွင့်
Dec 28,2024
ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ကျရောက်မည့် ကရင်သက္ကရာဇ် ၂၇၆၄ ခုနှစ်ကရင်အမျိုးသား နှစ်သစ်ကူးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အထက်ပိုင်ကျုံကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ ယမန်နေ့ နံနက်ပိုင်းက အဆိုပါလမ်းသစ် မုခ်ဦးတည်နေရာ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့်အစိုးရအဖွဲ့ဝင်များ၊ တပ်မတော်နှင့် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကရင်အမျိုးသားအစည်းအရုံး-ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ငြိမ်းချမ်းရေးကောင်စီ) KNU-KNLA(PC)၊ ကရင်ပြည်နယ်နယ်ခြားစောင့်တပ်(BGF)တို့မှကိုယ်စားလှယ်များ ဒေသခံ တိုင်းရင်းသားပြည်သူများ တက်ရောက်ဖွင့်လှစ်ပေးကြသည်။
အပြည့်အစုံ ဖတ်ရန်
ကလောမြို့၌ ရာဂီမုန်တိုင်း သဘာဝဘေးအန္တရာယ်ကြောင့် နေအိမ်ထိခိုက်ပျက်စီးသွားသည့် ပြည်သူ(၁၂၄၉) ဦးရှိသည့်အနက် (၃၄၃)ဦးကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွ…
Dec 28,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့ မြို့မပရိယတ္တိစာသင်တိုက်တွင် ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် ရာဂီမုန်တိုင်း သဘာဝဘေးအန္တရာယ်ကြောင့် ကလောမြို့နယ်ရှိ နေအိမ်ထိခိုက်ပျက်စီးဆုံးရှုံးသွားသည့် ရေဘေးသင့်ပြည်သူ(၁၂၄၉) ဦးရှိသည့်အနက် (၃၄၃)ဦးကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ (ဒုတိယ)အကြိမ် ချီးမြှင့်ငွေပေးအပ်ခြင်းအခမ်းအနားကို ဒီဇင်ဘာလ ၂၇ ရက်နေ့ နံနက် ၁၀ နာရီခွဲက ကျင်းပခဲ့ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စီးပွားရေးရာဝန်ကြီး၊ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ နေအိမ်ထိခိုက်ပျက်စီးသွားသည့် ပြည်သူ(၃၄၃)ဦးတို့ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး နည်းပညာတက္ကသိုလ်(မြစ်ကြီးနား)၏ ၂၀၂၄ ခုနှစ်၊ ခရစ္စမတ်ပွဲတော်သို့ တက်ရောက်အားပေး
Dec 28,2024
နည်းပညာတက္ကသိုလ်(မြစ်ကြီးနား)၏ ၂၀၂၄ ခုနှစ်၊ ခရစ္စမတ်ပွဲတော်နှင့် ဝတ်ပြုဆုတောင်းပွဲ အခမ်းအနားကို ဒီဇင်ဘာ ၂၇ ရက် နံနက် ၁၀ နာရီက တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ရာ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် တက်ရောက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်မြို့တွင် ဒီဇင်ဘာအားကစား လူထုစုပေါင်းလမ်းလျှောက်ပွဲ ပြုလုပ်
Dec 28,2024
မန္တလေးတိုင်းဒေသကြီး၊ ကျေက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ဒီဇင်ဘာအားကစား လူထုစုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက်(၅)နာရီက ကျောက်ဆည်မြို့ ဆူးကုန်းရပ်ကွက်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှေ့တွင် စုရပ်အဖြစ်စတင်ခဲ့ပြီး ရွှေရတီမီးပွိုင့်-ရန်ကုန်-မန္တလေး ကားလမ်း-လက်ပြတိုင် မီးပွိုင့်၊ ခရိုင်တရားရုံးလမ်းဆုံ-ပြည်သူ့အားကစားကွင်းအထိ စုပေါင်းလမ်းလျှောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဖျာပုံမြို့နယ်တွင် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အောင်မြင်စွာ ကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်း ဆွေးနွေး
Dec 28,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ်ပိုင်းအချိန်က ဖျာပုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
တာချီလိတ်မြို့၌ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျေးရွာတွင်း ကွန်ကရစ်လမ်းသစ် ဖွင့်လှစ်
Dec 28,2024
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ရန်ပုံငွေဖြင့် မတည်ပြီး ကျေးရွာသူ/ကျေးရွာသားများ ပူးပေါင်းဆောင်ရွက်သည့် ကျေးရွာတွင်းကွန်ကရစ် လမ်းသစ်ဖွင့်ပွဲကို ယနေ့ နံနက် ၁၀ နာရီက ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စု၊ မယ်လိတ်ပါကော် စံပြကျေးရွာ၌ ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ရေတာရှည်မြို့နယ်၌ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် VDP စီမံကိန်းဖြင့်ဆောင်ရွက်သော ကျေးရွာတွင်း ကွန်ကရစ်လမ်းဖွင့်ပွဲကျင်းပ
Dec 28,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၌နိုင်ငံတော်ရန်ပုံ ငွေကျပ်သိန်း(၁၅၀) ပြည်သူထည့်ဝင်ငွေ ကျပ်သိန်း(၁၆၀)ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးခဲ့သောတောင်နန် ချွန်ကျေးရွာတွင်းကွန်ကရစ်လမ်းဖွင့်ပွဲကို ယမန် နေ့နံနက်(၉)နာရီအချိန်က တောင်နန်ချွန် ကျေးရွာတွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပေါင်းတည်မြို့နယ် အခြေခံပညာကျောင်းများတွင် ကျောင်းအခြေပြု အဆုပ်တီဘီရောဂါ ရှာဖွေရေးလှုပ်ရှားမှု ဆောင်ရွက်
Dec 28,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်ရှိ အခြေခံပညာအခြေခံပညာကျောင်းများ၌ ကျောင်းအခြေပြုအဆုပ်တီဘီရောဂါရှာဖွေရေး လှုပ်ရှားမှုကို ယနေ့ နံနက်၉ နာရီအချိန်တွင် လှုပ်ရှားဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
2400
Page
2401
Page
2402
Page
2403
Current page
2404
Page
2405
Page
2406
Page
2407
Page
2408
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department