အမြို့မြို့အနယ်နယ်သတင်းများ

Nov 25,2025
စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင်၊ မင်းကင်းမြို့တွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များဆောင်ရွက်နိုင်ရေးအတွက် One Stop Service (OSS) ရုံးကို နိုဝင်ဘာ ၂၁ ရက်နေ့ နံနက်ပိုင်းမှ စတင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ဖွင့်လှစ်ခဲ့သည်။
Nov 25,2025
‎ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ်ထုတ်ပြန် ကြေညာခြင်းကို နိုဝင်ဘာ ၂၁ ရက်နံနက်ပိုင်းမှစ၍ သက်ဆိုင်ရာ  ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲများ၌ ကြောညာထားရာ ယနေ့တွင် ရပ်ကွက်နေပြည်သူများ လာရောက်ကြည့်ရှုကြကြောင်း သိရသည်။
Nov 25,2025
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ပုသိမ်ခရိုင်အတွင်း၌ ကော်ဖီစိုက်ခင်းများဖြစ်ထွန်းအောင်မြင်မှုများကို ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုအားပေးခဲ့သည်။
Nov 24,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၌  ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မြို့နယ်အတွင်းတာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူး၊ ဒုတိယမဲရုံမှူး နှင့်မဲရုံအဖွဲ့ဝင်များလုပ်ငန်းလမ်းညွှန်သင်တန်းကို ယနေ့နံနက်ပိုင်းက ဇမ္ဗူသီရိမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း သိရသည်။
Nov 24,2025
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့တွင် ‌၂၀၂၅ခုနှစ်  ပါတီစုံအထွေထွေ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက်ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲလုပ်ငန်း လမ်းညွှန်ဆိုင်ရာသင်တန်းကို ယနေ့နံနက်ပိုင်းက ကော့သောင်းမြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဟံသာဝတီအစည်းအဝေးခန်းမတွင် ပြုလုပ်သည်။
Nov 24,2025
တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်းများအား နိုဝင်ဘာ ၂၁ ရက်မှ ဒီဇင်ဘာ ၄ ရက်အထိ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာများ၌ ဒုတိယအကြိမ် ကပ်ထားကြေညာလျက်ရှိရာ ပြည်သူများက စိတ်ပါဝင်စားစွာလာရောက်ကြည့်ရှုလျက်ရှိကြောင်းသိရသည်။
Nov 24,2025
ဧရာဝတီတိုင်းဒေသကြီး  ဟင်္သာတမြို့နယ်ရှိ ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)တွင် နိုဝင်ဘာ ၂၄ ရက် မွန်းလွဲ(၁)နာရီက ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ပထမနှစ်သင်တန်းသို့ ဝင်ခွင့်ရသော မောင်မယ်သစ်လွင်များအား ကြိုဆိုနှုတ်ဆက်ပွဲနှင့် ဘာသာရပ်ဆိုင်ရာ မိတ်ဆက်ပွဲအခမ်းအနားကို ကျင်းပသည်။