လယ်ဝေး နိုဝင်ဘာ ၂၄
နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးသည် နိုဝင်ဘာလ ၂၁ ရက်နေ့က လယ်ဝေးမြို့နယ်အတွင်း စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပြီး ငလျင်ဘေးကြောင့် ပျက်စီးနေသော အိမ်များအား ထောက်ပံ့ငွေပေးအပ်ပွဲသို့ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးသည် လယ်ဝေးမြို့နယ်၊ မဒေါ့ပင်ကျေးရွာ KC တွင် သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး တောင်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲတက်ရောက်၍ အမှာစကားပြောကြားရာတွင် တောင်သူများအနေဖြင့် စိုက်ဧကများ အပြည့်အဝစိုက်ပျိုးရေး၊ လာမည့်ဆောင်းသီးနှံပြီးလျှင် နွေသီးနှံများစိုက်ပျိုးရန်အတွက် မြေပြင်ခြင်းနှင့် မျိုးကောင်းမျိုးသန့်များ ကြိုတင်စုဆောင်းခြင်းများဆောင်ရွက်ရန်၊ မျိုး၊ မြေ၊ ရေ၊ နည်းကို အပြည့်အဝ လိုက်နာဆောင်ရွက်ရန်၊ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် သီးထပ်၊ သီးညှပ်များဖြင့် မြေကိုအလွတ်မထားဘဲ စိုက်ပျိုးရန်၊ ကုန်းစောင်းမြေနေရာများတွင်လည်း အကျိုးရှိသည့် ရေမြေသဘာဝနှင့်ကိုက်ညီသည့် သီးပင်စားပင်များစိုက်ပျိုးရန်၊ ယခုဆွေးနွေးပွဲသို့ မတက်ရောက်နိုင်သည့် တောင်သူများအား အသိပညာများမျှဝေပေးရန်၊ မကြာမီကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ မြို့နယ်အတွင်း ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲစာရင်းတွင် မပါသင့်သူများမပါစေရေး၊ ပါသင့်ပါထိုက် (၁၈)နှစ်ပြည့်ပြီးသူများ စာရင်းမှန်ကန်ရေး၊ မဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်ပြည်သူများ မဲပေးခွင့်မဆုံးရှုံးစေရေး၊ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲစာရင်းတွင် မပါဝင်သေးသူများပါဝင်ဆန္ဒမဲပေးနိုင်ရေး သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်ရန် မှာကြားခဲ့သည်။ ထို့နောက် နေပြည်တော်ကောင်စီဝင်နှင့် တာဝန်ရှိသူများက ဒေသခံတောင်သူများအား သွင်းအားစုများပေးအပ်ပြီး တက်ရောက်လာသည့် တောင်သူများက လိုအပ်သည်များတင်ပြရာ နေပြည်တော်ကောင်စီဝင်က သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဝင်သည် တာဝန်ရှိသူများနှင့်အတူ လယ်ဝေးမြို့နယ်၊ နေပြည်တော်ဆီထွက်ဇုံ၊ ဂုဏ်မင်းမျှောင်ကျေးရွာ၊ ကွင်းအမှတ်(၁၈၅၇)၊ တောင်သူဦးတင်လေးနှင့် တောင်သူ ၁၀ ဦး၏ ဧက ၂၀၀ တွင် မြေပဲစိုက်ပျိုးရန် ဆောင်ရွက်ထားရှိမှုများကိုကြည့်ရှုအားပေးကာ ယခင်နှစ်အထွက်နှုန်းသည်။ ထို့နောက် နေပြည်တော်ကောင်စီဝင်သည် မဒေါ့ပင်ကျေးရွာနှင့် ကန်လှကျေးရွာ အခြေခံပညာအထက်တန်းကျောင်းများသို့ရောက်ရှိပြီး ကျောင်းဆောင်များ ပြုပြင် ထိန်းသိမ်းရေးလုပ်ငန်း ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးကာ ကုမ္ပဏီအား စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးအောင် ဆောင်ရွက်ရန်နှင့် ကျောင်းအကျိုးတော်ဆောင်များအာကျောင်း၏ လိုအပ်သည့် မြေဧရိယာ အကျယ်အဝန်းနှင့် ပြည့်မီစေရေးဆောင်ရွက်ရန်၊ ကျောင်းနှင့် ဝန်းကျင်သန့်ရှင်းရေးအား အထူးဂရုပြုဆောင်ရွက်ရန် မှာကြားခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးသည် လယ်ဝေးမြို့၊ အထွေထွေအုပ်ချုပ်ရေး အစည်း အဝေးခန်းမတွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ ငလျင်ဘေးကြောင့် ပျက်စီးသည့် နေအိမ်များအား ထောက်ပံ့ပေးအပ်သည့်အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားကာ နေပြည်တော်ကောင်စီဝင်နှင့် တာဝန်ရှိသူများက ငလျင်ဘေးသင့်နေအိမ် ၄၁ လုံးအတွက် ငွေကျပ် သိန်းပေါင်း ၄၉၀၀အား ပေးအပ်ခဲ့ပြီး ကျန်ရှိသည့် နေအိမ်များအတွက် ဆက်လက်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်( ပြန်/ဆက်)