အမြို့မြို့အနယ်နယ်သတင်းများ

Nov 25,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံမှူး၊ ဒုမဲရုံမှူးများနှင့် ရပ်/ကျေး ရွှေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များအား ရွေးကောက်ပွဲဆိုင်ရာသင်တန်းကို ချောင်းဦးမြို့ အနော်ရထာခန်းမ၌ ယမန်နေ့နံနက်၉နာရီအချိန်က ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
Nov 25,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ လိတ္ထူကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်၊ နံရံကပ် စာစောင်ပြပွဲကို ယမန်နေ့နံနက် ၁၀ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
Nov 25,2025
ချမ်းအေးသာစံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အနေဖြင့် ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် သာမကဗဟုသုတများစွာ ရရှိစေရန်အတွက် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကို လူထုအခြေပြုဗဟိုဌာန၌ ယမန်​​နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရဿည်။
Nov 25,2025
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူး၍ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း ဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ကြွေပြားကပ်လုပ်သား အဆင့် (၁) သင်တန်းနှင့် ပိုက်ဆက်လုပ်သား အဆင့် (၁) သင်တန်းဖွင့်ပွဲအခမ်းအနားအား ယမန်နေ့ မွန်းလွဲ ၃ နာရီက စစ်ကိုင်းမြို့ မြို့တော်ခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးအောင်၊ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ သင်တန်းသားများ တက်ရောက်ကြသည်။
Nov 25,2025
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိူးမြို့တွင် ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ လားရှိုးတက္ကသိုလ်ပြန်လည်ဖွင့်လှစ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက အဆိုပါ တက္ကသိုလ်ရှေ့ရှိ အဝင်မုခ်ဦး၌ ကျင်းပသည်။
Nov 25,2025
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရန် ရွေးကောက်ပွဲကျင်းပရေးဆိုင်ရာ ခရိုင်အဆင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁၁/၂၀၂၅) ကို နိုဝင်ဘာလ ၂၄ ရက်နေ့ နံနက် ၉ နာရီက ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Nov 25,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် ကာကွယ်ဆေးထိုးနှံရန် အကျုံးဝင်သူပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Pfizer JN1 (Grey Cap) ထိုးနှံပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက အမှတ် (၁) ရပ်ကွက်ရှိ ဟိန္ဒူဆိုရှယ်ကလပ်ခန်းမနှင့် အမှတ် (၆) ရပ်ကွက်ရှိ ပုဇွန်တောင်ဈေးတာဝန်ခံရုံးတို့တွင် ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
Nov 25,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ မဲရုံမှူး၊ ဒု-မဲရုံမှူးများ ရွေးကောက်ပွဲဆိုင်ရာသင်တန်းကို ယနေ့နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။