အမြို့မြို့အနယ်နယ်သတင်းများ

Jan 01,2025
သာယာပျော်ရွှင်ချမ်းမြေ့စွာ ကြိုဆိုနိုင်ရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရမှအဖွဲ့ကြီးမှူးကျင်းပသည့် 2025 Countdown Festival ကို ပြည်သူ့ရင်ပြင်တွင် ယမန်နေ့မွန်လွဲပိုင်းတွင် ကျင်းပရာ ပွဲတော်လာပြည်သူများဖြင့် အထူးစည်ကားလျက်ရှိသည်။
Jan 01,2025
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပခြင်းကို ယမန်နေ့မွန်းလွဲ (၁) နာရီအချိန်က အုတ်တွင်းမြို့နယ်၊ ကြွယ်ဂံကျေးရွာအုပ်စု၊ ခင်တန်းကျေးရွာ၊ ဘဝအဖော်မွန်ကိုယ့်အားကိုယ်ကိုးစာကြည့်တိုက်တွင် ကျင်းပပြုလုပ်ခဲ့သည်။
Jan 01,2025
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်ခရိုင် ဒဂုံမြို့သစ်‌(မြောက်ပိုင်း) မြို့နယ် ပြည်ကြီးချမ်းသာမဟာစေတီတော်ကြီး (မြို့ဦးစေတီ)၏ (၂၆) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲအခမ်းအနားကို အမှတ် (၁၆) ရပ်ကွက် ပြည်ထောင်စုလမ်းရှိ ပြည်ကြီးချမ်းသာမဟာစေတီတော် (မြို့ဦးစေတီ)၊ တောင်ဘက်စောင်းတန်းတွင် ယမန်နေ့ညနေ ၅ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
Jan 01,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ စိုက်ပျိုးရေးလုပ်ငန်းနှင့် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ဌာနဆိုင်ရာတာဝန်ရှိသူများက ယန်းလောကျေးရွာအုပ်စုနှင့်  လွယ်လုံကျေးရွာအုပ်စုသို့  ယမန်နေ့နံနက် ၉ နာရီတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Dec 31,2024
ကရင်သက္ကရာဇ် ၂၇၆၄ ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးနေ့အထိမ်းအမှတ် လှေလှော်ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်နှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃ နာရီက ဘားအံမြို့၊ ကမ်းနားလမ်း၊ ညဈေးတန်းနေရာ၌ကျင်းပရာ ဗိုလ်လုပွဲစဉ်များအဖြစ် သံလွင်မြစ်အတွင်း၌ အမျိုးသား/အမျိုးသမီး ငါးတက်လှော် ပြိုင်ပွဲ၊ ခုနှစ်တက်လှော်ပြိုင်ပွဲနှင့် ၂၀ တက်လှော်နဂါးလှေလှော်ပြိုင်ပွဲတို့ကို ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့် ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အားကစားဝါသနာရှင်များနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ ကြည့်ရှုအားပေးခဲ့ကြသည်။
Dec 31,2024
(၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘားအံမြို့နယ်၊ ကော့သိုက်ကွင်းနှင့် ကော့ဒါန်ကွင်းတို့ရှိ စိုက်ဧက(၃၀၀)ခန့်အား အကျိုးပြုနိုင်မည့် ကော့သိုက်(ကော့ဒါန်)ကျေးရွာကုန်ထုတ်လမ်းသစ်ဖွင့်ပွဲကို ယနေ့ နံနက် ၈ နာရီက အဆိုပါကုန်ထုတ်လမ်းသစ်မုခ်ဦးတည်နေရာ၌ ကျင်းပသည်။
Dec 31,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော ကျေးလက်နေပြည်သူများ ဝင်ငွေတိုးတက်စေရေး၊ ကျေးလက်နေပြည်သူများ လူနေမှုဘဝဖွံ့ဖြိုးတိုးတက်စေပြီး မိသားစုဝင်ငွေတိုးတက်ရရှိစေရန်နှင့် အမျိုးသမီးများဘဝဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ အခြေခံစက်ချုပ်နည်း သင်တန်းဖွင့်ပွဲကို ဒီဇင်ဘာလ(၂၉)ရက်နေ့ နံနက်(၁၁)နာရီအချိန်က မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။