လွိုင်လင် နိုဝင်ဘာ ၂၆
ရှမ်းပြည်နယ် (တောင်ပိုင်း) လွိုင်လင်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မဲရုံမှူး၊ ဒုမဲရုံမှူးများအား ရွေးကောက်ပွဲဆိုင်ရာ သင်တန်းဖွင့်လှစ်ခြင်းကို ယနေ့နံနက်ပိုင်းက လွိုင်လင်မြို့ သာသနာ့ဗိမာန် ဓမ္မာရုံကြီးတွင် ဖွင့်လှစ်ပါသည်။
အဆိုပါ မဲရုံမှူး၊ ဒုမဲရုံမှူးများ သင်တန်းဖွင့်လှစ်ရာသို့ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကြည်မြင့်နှင့် တာဝန်ရှိသူများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသိန်းထွဋ်နှင့်တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌများ၊ သင်တန်းသား/သူ မဲရုံမှူး၊ ဒုမဲရုံမှူးများတက်ရောက်ကြသည်။
ဦးစွာ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးခိုင်ဇော်ဝင်းက ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကိစ္စများနှင့်ပတ်သက်၍ အခြေအနေများကိုလည်းကောင်း၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစိုးနိုင်က ရွေးကောက်ပွဲကျင်းပရာတွင် မဲရုံမှူး၊ ဒုမဲရုံမှူးများ၏ ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကိုလည်းကောင်း ရှင်းလင်းပြောကြားကြသည်။
အဆိုပါ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် လွိုင်လင်မြို့နယ်၌ မဲရုံပေါင်း (၆၈) ရုံ ဖွင့်လှစ်ထားမည်ဖြစ်ကြောင်းနှင့် ယနေ့သင်တန်းသို့ မဲရုံမှူး၊ ဒုမဲရုံမှူး ၁၃၆ ဦးတက်ရောက်ကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)