နောင်ချို နိုဝင်ဘာ ၂၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစည်သူလင်း၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဇော်လွင်နှင့် အဖွဲ့ဝင်များလိုက်ပါလျက် ယမန်နေ့နံနက် ၉ နာရီအချိန်တွင် နောင်ချိုမြို့နယ်အတွင်းရှိ မွေးမြူရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ပြန်လည်ဆောင်ရွက်နေပြီဖြစ်သော ဥစားကြက်မွေးမြူရေးခြံများသို့ မြို့နယ်အတွင်း ကြက်ဥစားသုံးမှုဖူလုံစေရုံသာမက ပိုမိုတိုးတက်ထုတ်လုပ်နိုင်ရေးဆောင်ရွက်လျက်ရှိသည့် အခြေအနေများအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
နောင်ချိုမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစည်သူလင်းသည် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဇော်လွင်နှင့် အဖွဲ့ဝင်များလိုက်ပါလျက် နောင်ချိုမြို့နယ် အုမ္မခါးကျေးရွာရှိ မွေးမြူရေးလုပ်ငန်းရှင် ဒေါ်စိုးရှောက်ဟွာ၏ ဥစားကြက် (၅၃၅၀၀) မွေးမြူထားရှိသော ဥစားကြက်မွေးမြူရေးခြံ၊ နမ့်လင်းခံကျေးရွာရှိ မွေးမြူရေးလုပ်ငန်းရှင် ဦးအောင်ကျော်ဦး၏ ဥစားကြက် (၄၂၅၀၀) မွေးမြူထားရှိသော ဥစားကြက်မွေးမြူရေးခြံများသို့ မြို့နယ်အတွင်း မွေးမြူရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ပြန်လည်ဆောင်ရွက်နေမှုအခြေအနေများ၊ ကြက်ဥထုတ်လုပ်မှုပိုမိုတိုးတက်ရရှိရေးနှင့် မြို့နယ်အတွင်းစားသုံးမှုဖူလုံစေရုံသာမက အခြားမြို့နယ်များသို့ပါ တင်ပို့ရောင်းချနိုင်ရေး ဆောင်ရွက်နေမှုအခြေအနေများကို ကွင်းဆင်းစစ်ဆေးကာ အခြေခံစားသုံးကုန်ဖြစ်သော ကြက်ဥကို အများပြည်သူ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသုံးနိုင်စေရေး၊ ကူးစက်ရောဂါများကြိုတင်ကာကွယ်တားဆီးနိုင်ရေးတို့အတွက် လိုအပ်သည်များမှာကြားခြင်း၊ လုပ်ငန်းဆောင်ရွက်ရမှုအခက်အခဲများအပေါ် ဆက်စပ်ဌာနများနှင့် ပေါင်းစပ်ဖြည့်ဆည်းပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)