မော်လမြိုင် နိုဝင်ဘာ ၂၆
မော်လမြိုင်မြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်ကြမည့် ရပ်ကွက်၊ ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲများအား ရပ်ကွက်၊ ကျေးရွာလုပ်ငန်းလမ်းညွှန်သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးတင်နွယ်နှင့်အဖွဲ့ဝင် ဦးသန်းဝင်းတို့က အမှာစကားပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်စန်းမြင့်က ရပ်ကွက်၊ ကျေးရွာလုပ်ငန်းလမ်းညွှန်သင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်၊ ရပ်ကွက်၊ ကျေးရွာကော်မရှင်အဖွဲ့ခွဲ လုပ်ငန်းလမ်းညွှန်ချက်များ၊ ရပ်၊ကျေးကော်မရှင်အဖွဲ့ခွဲ၏တာဝန်နှင့် လုပ်ပိုင်ခွင့်များ၊ လိုက်နာစောင့်ထိန်းရမည့်ကျင့်ဝတ်များ၊ ရွေးကောက်ပွဲမကျင်းပမီ၊ ကျင်းပဆောင်ရွက်မည့်နေ့ရက်တို့တွင် ဆောင်ရွက်ကြရမည့် လုပ်ငန်းများအကြောင်းတို့ကို ရှင်းလင်း ဆွေးနွေးပြောကြားသည်။
အဆိုပါ သင်တန်းသို့ ရပ်ကွက်၊ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အတွင်းရေးမှူး (၈၄)ဦး တက်ရောက်ကြကြောင်း သိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)