အမြို့မြို့အနယ်နယ်သတင်းများ

Jan 01,2025
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့၊ အမှတ်(၃)ရပ်ကွက်၊ အ.လ.က လမ်းမတော်ကျောင်း၊ သီရိရတနာခန်းမ၌ (၂၂) ကြိမ်မြောက် အ.လ.ကလမ်းမတော် ကျောင်းသား/သူဟောင်းများ၏ မြတ်ဆရာပူဇော်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီချိန်က ကျင်းပခဲ့သည်။
Jan 01,2025
စွမ်းအင်ဝန်ကြီးဌာန မြန်မာရေနံဓာတုလုပ်ငန်းနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိသော ရတနာစုကုမ္ပဏီလီမိတက်မှ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုသောအားဖြင့် အိမ်သုံးရေနံဓာတ်ငွေ့ရည်အရောင်းဆိုင် (သာကေတ) ဆိုင်သစ်ဖွင့်ပွဲကို ဇန်နဝါရီ (၁) ရက် နံနက် (၇:၃၀) နာရီက ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ် ရှု့ခင်းသာမြို့ပတ်လမ်းမကြီး အမှတ် (၂၃၇/A-1) တွင် ကျင်းပပြုလုပ်ရာ စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်စင်နှင့်အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်းနှင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။
Jan 01,2025
ကရင်ပြည်နယ်၊ မြဝတီမြို့၏ ကျက်သရေဆောင် ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင် ရွှေမြင်းဝန် စေတီတော်မြတ်ကြီး၌ ဗုဒ္ဓသာသနာတော် အဓွန့်ရှည်တည်တံ့ ထွန်းလင်းစေရန်အတွက် (၄၇) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်နှင့် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကို ယနေ့နံနက် ၉ နာရီက အဆိုပါစေတီတော် မြတ်ကြီး မြောက်ဘက်မုခ် မဟာမြတ်မုနိ ရုပ်ပွားတော်မြတ်ကြီး ဝတ်တော်အတွင်း ကျင်းပသည်။
Jan 01,2025
မန္တလေးတိုင်းဒေသကြီး၊ ဇီဝနည်းပညာသုတေသနဦးစီးဌာန (ကျောက်ဆည်တွင်) ရောဂါခံနိုင်ရည်ရှိပြီး မျိုးဗီဇတူညီသောအပင်များ၊ ရှားပါးအပင်များ၊ မျိုးသုဉ်းလုနီးပါးရှိသော အပင်များကို အပင်တစ်သျှူး မျိုးပွားနည်းပညာများဖြင့် သုတေသနပြုမျိုးပွားလျက်ရှိပြီး ပြည်သူများနှင့် တောင်သူများအား မျိုးကောင်း၊ မျိုးသန့်များ ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။
Jan 01,2025
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ရွှေစည်းခုံဘုရားဝင်းအတွင်း ဝေဇယန္တာဓမ္မဗိမာန်တော်ကြီးအတွင်း၌ ဒီဇင်ဘာ ၃၁ ရက်၊ ညနေ့ ၆ နာရီအချိန်၌ သဲဖြူနှင့်မဟာမြိုင်တောရ ဓမ္မရိပ်သာဆရာတော်ဘုရားကြီး ဘဒ္ဒန္တပညာ ဇောတမထေရ် နှစ်သစ်ဦးတရားတော်နှင့် ဇန်နဝါရီ ၁ ရက် နံနက် ၄ နာရီအချိန်က သံဃာတော်အရှင်သူမြတ် ၁၁၀၀ ပါး၊ သီလရှင်ဆရာကြီး/ ဆရာလေး ၂၀၀ ပါးတို့အား ဆွမ်းဆန်စိမ်းနှင့်နဝကမ္မအလှူတော်ငွေများ လောင်းလှူခဲ့ကြောင်း သိရသည်။
Jan 01,2025
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၏ အစီအစဥ်ဖြင့် မြို့နယ်အတွင်းရှိ သွေးတိုး၊ ဆီးချို၊ နှလုံးသွေးကြောကျဥ်းရောဂါဝေဒနာရှင်များအတွက် အပတ်စဥ်ဗုဒ္ဓဟူးနေ့ နံနက် ၉ နာရီခွဲတွင် မြို့နယ်ပြည်သူ့ဆေးရုံ၊ လူနာစောင့်များ နားနေဆောင်၌ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Jan 01,2025
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှကြီးကြပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသော (၇၇) နှစ်မြောက် လွတ်လပ်ရေး​နေ့အထိမ်း အမှတ် သားကောင်းမိခင်နှင့် ကလေးပြိုင်ပွဲ/ ဆုပေးပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းအချိန်က ရန်ကုန်မြို့ တာမွေမြို့နယ် မေတ္တာညွန့်ရပ်ကွက် အဝေရာလမ်းရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
Jan 01,2025
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ လေးကျွန်းဆီမီးစေတီတော်ကြီးတွင် (၁၈) ကြိမ်မြောက် မဟာပဋ္ဌာန်း ပူဇော်ပွဲကို ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ ကြီးမှူး၍ ကျင်းပလျက်ရှိရာ မဟာပဋ္ဌာန်းပူဇော်ပွဲ ပိတ်ပွဲ (ပဋ္ဌာန်းအောင်ပွဲ)ကို ယမန်နေ့နံနက် (၉) နာရီက ဗုဒ္ဓသာသနာ့ဗိမာန်တွင် ကျင်းပခဲ့ကြသည်။